သမပိုင်းနဲ့ အပူပိုင်းသီးနှံတွေကို ခူးဆွတ်ပြီးနောက် ထိခိုက်ပျက်စီးမှုနည်းစေမယ့်  ခိုက်တိုဆန်(Chitosan)၏ လျှို့ဝှက်ချက်များ 

17/12/2020 11:45 AM တွင် သိမ့်ဇာ သိမ့်ဇာ မှ ရေးသား

         အားလုံးသိကြတဲ့အတိုင်းရိတ်သိမ်းချိန်လွန်နည်းပညာအခက်အခဲတွေကြောင့် လွှင့်ပစ်လိုက်ရတဲ့ စိုက်ပျိုးရေးထုတ်ကုန်များစွာရှိကြပါတယ်။ တစ်နေရာနဲ့ တစ်နေရာသယ်ပို့ချင်ပေမယ့် အထိခိုက်မခံတဲ့ အသီးအနှံတွေအတွက် ခိုက်တိုဆန်က သဘာဝနဲ့လိုက်လျောညီထွေဖြစ်စေမယ့် နည်းပညာတစ်ခုဖြစ်ပါတယ်။   ဓာတုပစ္စည်းတွေ အလွန်အကြူးသုံးခြင်းကလည်း လူကိုထိခိုက်မှုရှိစေတာကြောင့်  သီးနှံတွေရဲ့ ရိတ်သိမ်းချိန်လွန်သက်တမ်းအတွက် သဘာဝနည်းအားဖြင့် အထောက်အကူပြုစေမယ့် ပစ္စည်းကတော့ ခိုက်တိုဆန်ပဲဖြစ်ပါတယ်။ 

      ကျွန်မတို့တောင်သူတွေ သိရှိပြီး အသုံးချနိုင်အောင်ရေးသားဖော်ပြပေးလိုက်ရပါတယ်။

၁။ ပက်သိုဂျင်တွေ

        ခိုက်တိုဆန် အသုံးပြုလိုက်တဲ့အခါ အသီးတွေရဲ့ အခွံပေါ်မှာရှိနေတဲ့ ကျွန်မတို့ သာမန်မျက်စိနဲ့မမြင်ရတဲ့ ဖွဲ့စည်းမှုလေးတွေကပြောင်းလဲသွားပါတယ်။ မှိုပေါက်လာမယ့် အသီးတွေဆို မှိုတွေကအစာမရတော့ဘဲ မပေါက်လာတော့တာမျိုးပေါ့နော်..။ဒီလိုနည်းနဲ့ ခိုက်တိုဆန်က ရိတ်သိမ်းပြီးချိန်မှာဖြစ်လာမယ့် ပက်သိုဂျင်တွေကို ကာကွယ်ပေးပါတယ်။

၂။ အပင်တွေမှာ

      ခိုက်တိုဆန်သုံးထားတဲ့အပင်တွေမှာ ခံတပ်ကို ကောင်းစေပါတယ်တဲ့။အကြောင်းကတော့ အပင်ရဲ့ ခုခံအားကိုတိုးမြှင့်ပေးတဲ့ အင်ဇိုင်းတွေကို ထုတ်လုပ်စေလို့ပါ။ ခိုက်တိုဆန်က ဒီလိုနည်းအားဖြင့် အပင်တွေကို သက်ရှိ(ခူးဆွတ်ပြီးချိန်မှာ ရောက်လာတတ်တဲ့ မှိုတွေ)ရဲ့ ရန်ကနေကာကွယ်ပေးပါတယ်။ ထိခိုက်ရှနာမှုတွေ အနည်းဆုံးဖြစ်သွားတာပေါ့နော်..

၃။ အသီး

       ခူးဆွတ်ပြီးသား အသီးတွေကို ခိုက်တိုဆန်စိမ်လိုက်မယ်ဆိုရင်တော့ အသီးရဲ့ အသက်ရှုနှုန်းကို လျော့ချပေးလိုက်ပါတယ်တဲ့။ ဒီနေရာမှာ ကျွန်မတို့ရဲ့ သစ်သီးတွေမှည့်လာတယ်ဆိုတာက အသက်ရှူကြလို့ပါရှင့်(ဒီအကြောင်းကို ဆောင်းပါးတစ်ပုဒ်နဲ့ ထပ်မံဖော်ပြပေးပါမယ်)။ ဒီလိုတင်မက အသီးထဲက ရေဓာတ်တွေ မဆုံးရှုံးအောင်လည်း ထိန်းထားပေးပါတယ်။ 

      ဒီလိုအချက်တွေကြောင့် ခိုက်တိုဆန်ကို အသီးတွေခူးဆွတ်ပြီးအဆင့်မှာသုံးကြပါတယ်။ ဒီလိုသုံးခြင်းက  Colletotrichum gloeosporioides,Alternaria alternata, Rhizopus stolonifer, and Fusarium oxysporum. ရောဂါတွေကိုပါ ကာကွယ်တားဆီးနိုင်စွမ်းရှိပါတယ်။

      ဒါတင်မက တစ်ချို့သော လေ့လာမှုတွေမှာဆို အသီးထဲက အာဟာရပါဝင်မှုတွေပါ ခိုက်တိုဆန်ကြောင့် တိုးလာတယ်လို့ တွေ့ရှိထားပါတယ်။ 

      ဒါကြောင့် ကောင်းကျိုးများစွာရှိတဲ့ ခိုက်တိုဆန်ကို အကျိုးရှိရှိအသုံးချနိုင်စေဖို့ရာ ရေးသားမျှဝေလိုက်ရပါတယ်

ref:Alternative Eco-Friendly Methods in the Control of Post- Harvest Decay of Tropical and Subtropical Fruits: Published:April 11th 2019

DOI : 10.5772/intechopen.85682 (section 5)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်