သင်တန်းကြေးက တကယ် အခမဲ့လား..?
ဟုတ်ပါတယ်။ မြားနီနည်းပညာပေးရေးအဖွဲ့ရဲ့ နည်းပညာဖြန့်ဖြူးရေးသင်တန်းဖြစ်တာမို့ အလုံးစုံ အခမဲ့ဖြစ်ပါတယ်။
ဘယ်လိုလေ့လာရမလဲ..?
အင်တာနက်ဖွင့်ပြီး မိမိကိုယ်တိုင်လေ့လာရမဲ့ သင်တန်းဖြစ်ပြီးတော့
သင်ခန်းစာတစ်ခုပြီးတိုင်းမှာ ကိုယ်တိုင် ပြန်ဖြေလို့ရမဲ့ မေးခွန်းတွေနဲ့အတူ ဗီဒီယိုတွေ၊ နည်းပညာလမ်းညွှန်တွေပါပါတယ်။
ဘာတွေသင်မှာလဲ..?
သင်တန်းက (၃) မျိုးရှိပါတယ်။
- တောင်သူများအတွက် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း
- တောင်သူပညာပေးသူများအတွက် သင်တန်းနဲ့
- စိုက်ပျိုးရေးသွင်းအားစု ရောင်းချသူများအတွက် ဖွင့်လှစ်ပေးတဲ့ သင်တန်းတွေပါ။
ဘယ်တော့ဖွင့်မှာလဲ၊ ဘယ်အချိန်တွေသင်မှာလဲ..?
(၇) လပိုင်းမှာ ဖွင့်ပါမယ်။ တောင်သူတွေအတွက် မိမိကိုယ်တိုင် အားလပ်ချိန်မှာ အင်တာနက်ဖွင့်ပြီး ပေးထားတဲ့ သင်ခန်းစာတွေကို အလွယ်တကူ လေ့လာနိုင်ပါတယ်။
ဘာတွေ အကျိုးအမြတ်ရှိမလဲ..?
အစိမ်းရောင်လမ်း အသုံးပြုသူများအတွက် သီးသန့် အခွင့်အရေးအနေနဲ့ အစိမ်းရောင်လမ်းရဲ့ တောင်သူအဖွဲ့အစည်းမှာရှိိနေတဲ့ မြားနီနည်းပညာပေးရေးအဖွဲ့မှာ နားမလည်တဲ့ သင်ခန်းစာတွေကို ဆွေးနွေးနိုင်ပါမယ်။
လုပ်ကိုင်နေရင်းနဲ့ မေးခွန်းလေးတွေပေါ်လာရင် မေးမြန်းနိုင်ပါမယ်။ နောက်ဆုံးမှာ စာမေးပွဲလေးဖြေပြီး သင်တန်းဆင်းလက်မှတ် ကိုရယူနိုင်မှာဖြစ်ပါတယ်။

ဘာတွေလိုအပ်လဲ..?
- အစိမ်းရောင်လမ်း ကို အသုံးပြုသူဖြစ်ရပါမယ်။
- မြားနီနည်းပညာပေးရေးအဖွဲ့ အစည်းမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ထားရပါမယ်။
- ကိုယ်ပိုင် gmail အကောင့်ရှိဖို့ လိုပါမယ်။
- ၆ လပိုင်းမကုန်ခင်လေး ၂၀ ရက်နေ့ နောက်ဆုံးထားပြီး https://forms.gle/Jvaa88zBo2F8CgzL8 မှာ နာမည် စာရင်းသွင်းဖို့လိုပါမယ်။
*ကိုယ်ပိုင် gmail အကောင့်ဖွင့်ရန်အတွက် အခက်အခဲရှိပါက အစိမ်းရောင်လမ်းရဲ့ Viber နံပါတ်ဖြစ်တဲ့ 095053570 သို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါတယ်။
မြားနီနည်းပညာပေးရေးအဖွဲ့