ဂေဟအခြေပြု စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ စီမံအုပ်စိုးနိုင်မှုဆိုင်ရာ တောင်သူနှီးနှောဖလှယ်ပွဲ

15/03/2019 18:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး အခြေအနေများအပေါ်တွင် အပြန်အလှန်လေ့လာ သင်ယူခြင်းများနှင့် သတင်းအချက်အလက် မျှဝေခြင်းတို့ ပါဝင်သော တောင်သူနှီးနှောဖလှယ်ပွဲသို့ ကြွရောက်ပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

ကလျာဏမိတ္တဖွံ့ဖြိုးရေးဖောင်ဒေးရှင်း နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တောင်သူကိုယ်စားလှယ်များ၊ တောင်သူ အစုအဖွဲ့များမှ အဖွဲ့ဝင်ကိုယ်စားလှယ်များ၊ ဂေဟအခြေပြုစိုက်ပျိုးရေး ကျွမ်းကျင်ပညာရှင်များနှင့် လက်တွေ့ကျင့်သုံး လုပ် ဆောင်နေကြသော တောင်သူလယ်သမားများ၊ လူမှုအကျိုးပြုအဖွဲ့အစည်းများ အကြားတွင် တောင်သူအကျိုးစီးပွား ကာကွယ်ရေးနှင့် ဂေဟစိုက်ပျိုးရေး နည်းလမ်းများအပေါ် ထင်မြင်ယူဆချက်၊ အတွေးအမြင်များနှင့် သတင်း အချက်အလက်များ အပြန်အလှန် ဝေမျှသွားမည့် အစီအစဉ်ဖြစ်ပါသည်။

နေ့ရက်။ ၂၁-၂၂၊ မတ်လ၊ ၂၀၁၉

အချိန်။ မနက် ၈း၃၀ - ညနေ ၅းဝဝ အထိ

နေရာ။ ဗဟိုစိုက်ပျိုးရေး လေ့ကျင့်ရေးနှင့် သုတေသနသင်တန်းကျောင်း၊ လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်း။

ဆက်သွယ်ရန်။ ကိုအာကာဟိန်း (၀၉-၄၅၀၂၂၄၂၁၉)
မမိုးမြင့်သန္တာ (၀၉-၂၅၈၉၇၉၉၈၄)
[email protected]


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်