ပြည်တွင်းရှိ ဖားသား (အစို) ဈေးကွက်တွင် အရောင်းသမားများပြားပြီး ဝယ်လက်နည်းပါးနေကြောင်း ဖားဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။
ကိုဗစ်ကာလက မပြီးနိုင်သေးတော့ စားသောက်ဆိုင်တွေက မဖွင့်၊ စားသောက်ဆိုင်တွေက မဖွင့်တော့ ဖားအဝယ်မရှိလို့ မရောင်းရကြပါဘူး။ ဖားဈေးက လက်လီလောက် ရောင်းချရသူသာ အဆင်ပြေဈေးလေးရနေတာ။ သားပေါက်ဝယ်ပြီး အများကြီးမွေးထားသူတွေ ရှုံးနေပါတယ်။ ဈေးကွက်မရ၊ အဝယ်သမား နည်းနေတာကြောင့်ပါ၊၊
ဟု ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ကဒပ္ပနကျေးရွာ၊ ဖားမွေးမြူရေးနှင့်သင်တန်းမှ ဦးမိုးရဲဝင်း(ဆယ်လမွန်) က ပြောသည်။
ဈေးကွက်ဝယ်လိုအားနည်းပါးနေသည့်အတွက် မွေးမြူသူများမှ ဆက်လက်ကျွေးမွေးမွေးမြူထားရသဖြင့် ဈေးကွက်အတွင်း ဖားအကောင်ကြီးသားများ ရောင်းချလာသည်ကို တွေ့ရှိရသည်။
ဝယ်လက်နည်းနေတော့လည်း မွေးထားတဲ့ဖားတွေကို အစာကျွေးပြီး ဆက်မွေးထားကြရတာပေါ့။ ဒါ့ကြောင့် အခုတလောဆို ဈေးကွက်ထဲ ဖားကြီးသား ရောင်းချသူတွေ များလာတာပါ။ ဟင်းစားအရွယ်အစား ၁၅,၁၈,၂၀,၂၅,၃၀ ကျပ်သား စတဲ့ ဖားတွေပေါ့
ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့ရှိဈေးများအတွင်း၌ ဖားသား(အစို) တစ်ပိဿာလျှင် ၈,၀၀၀ ကျပ်မှ (၁၀,၀၀၀)ကျပ်အတွင်း ဈေးနှုန်းများဖြင့် လက်လီရောင်းချနေသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more