စိန်တလုံးသရက်သီးများကို စင်ကာပူနိုင်ငံကို စတင်တင်ပို့

05/05/2020 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့စိန်တစ်လုံးသရက်သီးများကို စင်ကာပူနိုင်ငံကို စတင်တင်ပို့နေပြီဖြစ်ကြောင်း သဇင်နွယ်နဲ့NT Star Group မှသိရပါတယ်။

အရည်အသွေးကောင်းသည့် စိန်တစ်လုံးသရက်သီးများကို ဝယ်ယူခဲ့ပြီးနောက် စင်ကာပူကို စတင်တင်ပို့နေပြီး ဖြစ်ကြောင်း သဇင်နွယ်နဲ့ NT Star Group မှ ဒါရိုက်တာဒေါ်ဥမ္မာကျော်က ပြောပါ တယ်။

ပြည်ပနိုင်ငံတွေရဲ့ စျေးကွက်ကိုထိုးဖောက်ချင်တဲ့အတွက် မြန်မာ့စိန်တစ်လုံးသရက်သီးကို စင်ကာပူ နိုင်ငံကိုစတင်တင်ပို့နေပါပြီ။စျေးကတော့ မူဆယ်ပေါက်စျေးနှုန်းအတိုင်း ဝယ်ယူပေးသွားမှာပါ။အရည် အသွေးကောင်းတဲ့ စိန်တစ်လုံးသရက်သီး တွေကိုပဲဝယ်ယူသွားမှာပါ

စိန်တစ်လုံးသရက်သီးများထွက်ရှိတဲ့ ဒေသများကို သဇင်နွယ် NT Star Groupနဲ့သရက် စိုက်ပျိုးထုတ် လုပ်သူတို့မှ ပူး ပေါင်းကာ ဝယ်ယူတာဖြစ်ကြောင်းလည်းသိရပါတယ်။ 

မြန်မာ့စိန်တစ်လုံးသရက်သီးများကို စင်ကာပူ ၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်နိုင်ငံများကို တင်ပို့နိုင်ရန် စီစဉ် သွားမှာဖြစ်ကြောင်းလည်း သဇင်နွယ်နဲ့NT Star Group မှသိရပါတယ်။

 တိုးတိုးခိုင်(ABM)


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်