တစ်တင်း ကျပ်ရှစ်သောင်းအထိ ဖြစ်လာသည့် ရန်ကုန်ပဲတီစိမ်းဈေး

14/02/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်မှာတော့ ပဲတီစိမ်းဈေးတွေဟာ အမြင့်ဆုံး တစ်တင်း(ပိဿာ ၂၀) ကို ကျပ် ၈၀၀၀၀ အထိ ဖြစ်လာပါတယ်။ မနေ့ကတော့ အမြင့်ဆုံးဈေးကျပ် ၈၀၇၀၀ ထိ ဖြစ်သွားခဲ့ပြီး ဒီနေ့မှာတော့ အနည်းငယ် ပြန်ကျသွားတာပါ။ 

ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက် ပဲတီစိမ်းဈေးတွေဟာ အမျိုးအစားအလိုက် အနိမ့်ဆုံး တစ်ပိဿာ ၂၈၆၅ ကနေ ၄၀၀၀ ကြား (တစ်တင်း ၅၇၃၀၀ ကနေ ၈၀၀၀၀ ကြား) ဈေးဖွင့်ထားတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ပဲတီစိမ်းကို တရုတ်နဲ့ အိန္ဒိယထံ အဓိကတင်ပို့နေသလို အခြားဥရောပနိုင်ငံတွေကိုလည်း တင်ပို့နေတာဖြစ်ကာ  ရန်ကုန် ဘုရင့်နောင်ဈေးကွက် ပဲတီစိမ်းဈေးဟာ ယခု ဖေဖော်ဝါရီလအတွင်း နေ့တိုင်းကို ဈေးတက်နေတာ ဖြစ်ပြီး ဒီနေ့ကျမှသာ နည်းနည်းလေး အကျရှိသွားတာဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက် ပဲတီစိမ်းဈေးများ (၁၄.၂.၂၀၂၃)

  • ပဲတီစိမ်း(ခရမ်းရွှေဝါ) - ၃၉၁၅ မှ ၄၀၀၀ ကျပ် (တစ်ပိဿာဈေးနှုန်း)
  • ပဲတီစိမ်း(ပဲခူးရွှေဝါ) - ၃၁၆၅ မှ ၃၂၀၀ ကျပ် (တစ်ပိဿာဈေးနှုန်း)
  • ပဲတီစိမ်း(ဝါးခယ်မ) - ၂၈၆၅ မှ ၂၉၇၀ ကျပ် (တစ်ပိဿာဈေးနှုန်း)

#(တစ်တင်းဆိုပါက ပိဿာ ၂၀ ဖြစ်ပါသည်)

(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်