ယခုနှစ်တွင် အနောက်တောင်မုတ်သုံလေ ပုံမှန်အတိုင်း မေ ၂၀ နောက်ပိုင်းမှ ဝင်မည်

27/04/2022 10:08 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ယခုနှစ်မှာ မိုးတွေသယ်ဆောင်လာမယ့် အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံသို့ ပုံမှန်အချိန်အတိုင်းသာ ဝင်ရောက်မယ်လို့ အိန္ဒိယပုဂ္ဂလိကမိုးလေဝသခန့်မှန်းအေဂျင်စီတစ်ခုဖြစ်တဲ့ Skymet ရဲ့ထုတ်ပြန်ချက်ကို ကိုးကားပြီး အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသူတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က ပြောပါတယ်။

ပုံစာ - ပြီးခဲ့သည့်နှစ်က အနောက်တောင်မုတ်သုံလေ ဝင်ရောက်ခဲ့သည့်အခြေအနေ

“ ပုံမှန်က မေလ နောက်ဆုံးပတ်ပေါ့နော်။ ရက် ၂၀ ကျော်ပြီးမှပဲ ဝင်တတ်တယ်။ ဆိုတော့ အဲ့ဒီအချိန်ကိုတော့ တစ်ချက်စောင့်ကြည့်ရမယ်” လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။

အနောက်တောင်မုတ်သုံလေဝင်ရောက်ပြီးနောက်ပိုင်း မိုးဆက်မဆက်ဆိုတာကတော့ မုတ်သုံလေအားကောင်း၊ မကောင်းပေါ်မှာသာမူတည်တယ်လို့ သိရပါတယ်။

“ မုတ်သုံဝင်လာမယ်ဆိုရင်တော့ ဘင်္ဂလားပင်လယ်အော်မှာဖြစ်လာနိုင်မယ့် မုန်တိုင်းတို့၊ လေဖိအားနည်းရပ်ဝန်းတို့ ဒီဟာတွေအခြေအနေပေါ်မူတည်ပြီး မိုးဆက်သွားနိုင်တာလည်းရှိတယ်။ မုတ်သုံလေအားကောင်းရင် မိုးကောင်းကောင်းရွာနိုင်မယ်။ မုတ်သုံလေအားလျော့နေရင် ဒါ မိုးမရွာဘူးပေါ့။ ဒါကတော့ ပုံမှန်ပါပဲ” လို့ ဦးဝင်းနိုင်က ရှင်းပြပါတယ်။

မုတ်သုံဝင်တယ်ဆိုတာ တောင်ကမ္ဘာခြမ်းက လေဖိအားနည်းရပ်ဝန်းကြီးတွေက စီးလာတဲ့ လေစီးကြောင်းက သီရိလင်္ကာတို့၊ ဘင်္ဂလားပင်လယ်အော်တို့ကိုဖြတ်ပြီးတော့ အိန္ဒိယနိုင်ငံမြောက်ပိုင်းကို ဖြတ်ပြီးဝင်တာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလေစီးကြောင်းဝင်တဲ့အချိန်မှာ တိမ်တွေပါလာကာ မြန်မာနိုင်ငံဘက်ကို ရောက်လာတာ ဖြစ်ပြီး မြန်မာနိုင်ငံက အမြဲတမ်းအားဖြင့် လေစီးကြောင်းရဲ့ညာဘက်ခြမ်းမှာပဲရှိနေတာဖြစ်လို့ မုတ်သုံဝင်ပြီဆိုရင် မိုးရတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းကတော့ အနောက်တောင် မုတ်သုံလေဟာ မေလ ၂၁ ရက်မှာ မြန်မာနိုင်ငံတောင်ပိုင်းက စတင်ဝင်ရောက်ခဲ့ပြီး တစ်နိုင်ငံလုံးကို  ဇွန်လ ၆ ရက်နေ့မှာ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ပုံမှန်မုတ်သုံဝင်ရောက်ချိန်ကာလအတွင်းမှာဘဲ ဝင်ရောက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်လို့ ဦးဝင်းနိုင်က သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးသားဖော်ပြထားပါတယ်။

အနောက်တောင်မုတ်သုံလေ ပြန်လည်ထွက်ခွာချိန်ကတော့ ပုံမှန်အားဖြင့် အောက်တိုဘာလ ၁၅ ရက်နေ့မှာ ဆုတ်ခွာရမှာဖြစ်ပေမဲ့ ပြီးခဲ့တဲ့မိုးရာသီကတော့ အောက်တိုဘာလ ၂၃-၂၄ ရက်နေ့တွေမှ အပြီး ဆုတ်ခွာသွားခဲ့တယ်လို့ အိန္ဒိယမိုးလေဝသဌာနမှတ်တမ်းတွေရဲ့ အဆိုအရ သိရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်