တိုင်းရင်းငါးကျည်းငါး မွေးမြူနည်း

06/12/2022 19:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ငါးကျည်းငါးမှာ ရေချိုတွင်သာ ဘဝတစ်လျှောက်လုံး နေထိုင်ကြသည့်(Potadromous) မျိုးစိတ်များဖြစ်ပြီး တိုင်းရင်းငါးအမျိုးအစားတွင် ပါဝင်သည်။

ငါးကျည်းငါးဆိုလျှင် ငါးကျည်းခြောက်၊ ငါးကျည်းကျပ်တိုက်တို့မှာ နာမည်ကြီးသလို အရသာ ချိုလှသဖြင့် မုန့်ဟင်းခါးချက်ရာ၌လည်း အသုံးပြုကြပါသည်။

ငါးကျည်းငါးမှာ ငါးခူလို အကြေးခွံမဲ့ငါးတစ်မျိုးဖြစ်ပြီး မွေးမြူ၍ရသောငါးအမျိုးအစားတွင် ပါဝင်သဖြင့် ငါးကျည်းငါးမွေးမြူလိုသူများအတွက် မွေးမြူနည်းကို ဖော်ပြပေးလိုက်ပါသည်။ 

ငါးကျည်းငါးမွေးမြူရေး

  • ငါးကျည်းသည် ကန်အောက်ခြေနေငါးမျိုးဖြစ်ပြီး အသားစားငါး(Carnivorous)များ ဖြစ်ကြပါသည်။
  • ကန်အောက်ခြေရှိ တီကောင်များ၊ အင်းဆက်ပိုးကောင်များကို စားသုံးကြသည်။ ကန်အောက်ခြေရှိ အညစ်အကြေးမှ ဘက်တီးရီးယားများကိုလည်း စားသောက်ပါသည်။
  • တွင်းအောင်းနေတတ်သော ဓလေ့ရှိပြီး ကန်အောက်ခြေရှိ နွံထဲတွင်လည်း နေထိုင်လေ့ရှိပါသည်။
  • ထို့ကြောင့် ငါးကျည်းငါးကို အခြားသောငါးများနှင့် တွဲဖက်မွေးမြူနိုင်သလို သီးခြားလည်း မွေးမြူနိုင်ပါသည်။
  • ကန်ရေတွင် အကောင်မျှောလှေး(zooplankton)ပေါက်ဖွားလာစေရန် ကန်အတွင်းကြက်ချေးခြောက်ကို ရေစိမ်ပြီး ပက်ပေးပါ။
  • အသားဓာတ်ပါသော အစာတောင့်များကို ကန်အောက်ခြေအထိ ချကျွေးပေးပါ။
  • ကန်အောက်ခြေထောင့်များတွင် ရေအိုးများအဝဖော်ပြီး မြှုပ်ပေးထားလျှင် ပြန်ဖမ်းပါက လွယ်ကူပါသည်။

ရေအရည်အသွေး

  • ကန်ရေ၏ pH သည် 7 ဖြစ်နေပါက ရေသန့်ဟု ပြောလို့ရပါသည်။ တစ်နည်းအားဖြင့် ရေထဲတွင် အက်ဆစ်ဓာတ်လည်း မရှိ၊ ထုံးဓာတ်လည်း မရှိလို့ ပြောလို့ရပါသည်။
  • ငါးမွေးမြူရေးလုပ်ငန်းတွင် အကောင်းဆုံးသော ရေ pH မှာ (၇.၅ မှ ၈.၅)အတွင်း ဖြစ်ပါသည်။ ကန်ရေ၏ pH သည် တစ်နေ့တာအတွင်း ပြောင်းလဲနေပါသည်။ မနက်ပိုင်း ၆ နာရီတွင် pH အကျဆုံးဖြစ်ပြီး ညနေ ၆ နာရီသည် pH အတက်ဆုံးဖြစ်ပါသည်။
  • ရေ pH 7,8 ရှိစေလိုပါက ရေ၏ pH ကို နေ့စဉ်တိုင်းပေးပါ။ 7 အောက်ရောက်နေပါက ထုံးကိုရေဖျော်ပြီး ပက်ပေးပါ။ ၉ အထိနှင့် အထက်ရောက်နေပါက ပုလဲမြေသြဇာကို ရေဖျော်ပြီးပက်ပေးပါ။

ငါးရောဂါကျရောက်ပါက ကုသခြင်း

  • ငါးများရောဂါကျရောက်ခြင်းသည် လက်ခံကောင် (ငါးမှပါလာခြင်း)ကြောင့် ဖြစ်ခြင်း၊ ကန်ရေအရည်အသွေး ညံ့ဖျင်းခြင်းကြောင့် ကျရောက်ခြင်း၊ အစာမလတ်ဆတ်ခြင်းကြောင့် ကျရောက်ခြင်း၊ပတ်ဝန်းကျင်အနီးအနားမှ ကူးစက်ခြင်းတို့ကြောင့် ဖြစ်ပါသည်။
  • ဖြစ်တတ်သောရောဂါများသည် ဘက်တီးရီးယားကြောင့်ဖြစ်ခြင်း၊ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ခြင်း၊ကပ်ပါးကောင်ကြောင့်ဖြစ်ခြင်းနှင့် မှိုကြောင့်ဖြစ်ခြင်းတို့ ဖြစ်ပါသည်။
  • ဖြစ်သည့်ရောဂါကိုကြည့်ပြီး ကပ်ပါးပိုး၊ ဂျိတ်ပိုးများ ကျရောက်ပါက ငါးငယ်စဉ်တွင် (၃.၅%) ဆားရည်စိမ်ပေးပါ။ ကန်အားအခြောက်ခံခြင်းနှင့် ထုံးပက်ခြင်းကို လုပ်ပေးပါ။ ရောဂါကျရောက်ပါက Acriflavine 1g/100 L နှုန်းဖြင့် စိမ်ပေးခြင်းဖြင့် ကုသနိုင်ပါသည်။

ရေးသားသူ-ပင်လယ်ပြာ(ငါးဦးစီး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်