ထိုင်းတွင် ရေကြီးရေလျှံမှုများကြောင့် စိုက်ပျိုးမြေဧက ၂ သိန်းခွဲကျော် ပျက်စီးခဲ့ပြီး မိကျောင်း ၂ ကောင်လည်း ပျောက်နေ

19/10/2022 18:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ထိုင်းနိုင်ငံမှာ ရေကြီးရေလျှံမှုတွေကြောင့် အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းတွေမှာ စိုက်ပျိုးမြေဧက ၂၆၀၀၀၀ ကျော်ပျက်စီးတာ၊ မွေးမြူရေးတိရစ္ဆာန်တွေများစွာသေဆုံးတာတွေ ဖြစ်ပေါ်ခဲ့သလို အရှေ့မြောက်ပိုင်းစီရင်စုတစ်ခုမှာ မိကျောင်းနှစ်ကောင်လည်း ပျောက်ဆုံးနေလို့ ဒေသခံတွေကို သတိပေးမှုတွေ ပြုလုပ်ထားရတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံတွင်း ပြီးခဲ့တဲ့လကစလို့ အပူပိုင်းမုန်တိုင်းဖြစ်ပေါ်မှုတွေ၊ မိုးသည်းထန်စွာရွာသွန်းတာတွေ များစွာကြုံခဲ့ရပြီးနောက် စုစုပေါင်း စီရင်စု ၇၇ ခုအနက် ၅၉ ခုမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ကာ အိမ်ခြေ ၄၅၀၀၀၀ အပေါ် သက်ရောက်မှုရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။

အဲ့ဒီထဲမှာ အဓိက စိုက်ပျိုးမြေဧရိယာတွေရှိတဲ့ အရှေ့မြောက်နဲ့ အလယ်ပိုင်းဒေသတွေထဲက စိုက်ပျိုးမြေဧရိယာ ၁၀၇၂၀၀ ဟက်တာ (၂၆၄၇၀၀ ကျော်ဧက) ပျက်စီးခဲ့တယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ဒီဘေးအန္တရာယ်တွေအတွက် အကူအညီပေးဖို့နဲ့ ပြန်လည်ထူထောင်ရေးတွေလုပ်ဖို့ ထိုင်းအစိုးရက ဘတ်ငွေ ၂၃ ဘီလျံ (အမေရိကန်ဒေါ်လာ ၆၀၂ သန်းကျော်) ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။

ရေကြီးရေလျှံမှုတွေအတွင်း မွေးမြူရေးတိရစ္ဆာန်တွေလည်း များစွာသေဆုံးခဲ့မှုရှိခဲ့တယ်လို့ သိရပါတယ်။ ယခုလ အောက်တိုဘာ ၁၇ ရက်နေ့မှာတင် ထိုင်းအလယ်ပိုင်းဒေသရှိ အန်သောင်စီရင်စုမှာ ကြက်ကောင်ရေ ၅၀၀၀၀ ခန့် ရေနစ်မြုပ် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ Khon Kean စီရင်စုအတွင်းမှာလည်း ရေကြီးရေလျှံမှုကြောင့် မိကျောင်း မွေးမြူရေးခြံတစ်ခုက မိကျောင်း ၄ ကောင် ပျောက်ဆုံးသွားခဲ့ပြီး လက်ရှိအချိန်ထိ ၂ ကောင်သာ ပြန်လည် ဖမ်းဆီးရမိသေးကာ ၂ ကောင်ကတော့ လွတ်မြောက်နေတယ်လို့ သိရပါတယ်။

အသက် ၁ နှစ်သားခန့်၊ အရှည် ၃ မီတာကျော်ခန့်စီရှိတဲ့ မိကျောင်း ၄ ကောင်ပျောက်ဆုံးသွားတာဖြစ်ပြီး တစ်ကောင်ကို ပြီးခဲ့တဲ့ ၃ ရက်က စပါးခင်းတစ်ခုအတွင်းမှာ ပြန်ဖမ်းမိခဲ့ကာ မနေ့က အောက်တိုဘာ ၁၈ ရက်မှာတော့ ဒုတိယမြောက် တစ်ကောင်ကို ပြန်လည်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ကျန်တဲ့ မိကျောင်း ၂ ကောင်ကိုတော့ ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး ဒေသခံတွေအနေနဲ့ အထူးသတိထားနေထိုင်ကြဖို့ Khon Kean စီရင်စု အုပ်ချုပ်ရေးမှူးက သတိပေးထားတယ်လို့ သိရပါတယ်။

Ref; www.reuters.com

www.bangkokpost.com

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်