ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းရှိ လေဖိအားနည်းရပ်ဝန်းအခြေအနေ

27/05/2018 22:05 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၂၇-၅-၂၀၁၈ ည(၈:၂၄)နာရီ။

(၁) မြေပြင်မိုးလေဝသအခြေအနေ မြေပုံတိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါတယ်။

(၂) မိုးလေဝသဂြိုဟ်တု တိမ်ပုံတိုင်းတာချက်အရ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေသော နေရာတွင် ကျစ်လစ်သိပ်သည်းသော တိမ်တိုက်တစ်ခု ဖြစ်ပေါ်လာနေပြီး ဘေးပတ်ဝန်းကျင်မှတိမ်စုများကလည်း တဖြည်းဖြည်း ခရုပတ်တိမ်များ (Spiral cloud bands) အဖြစ် ပြောင်းလဲလာနေပါတယ်။

(၃) မြေပြင်အထက်ပေ(၃၀)အမြင့် လေတိုက်ခတ်မှုအခြေအနေအရ (၂၇-၅-၂၀၁၇)ရက် ည(၈)နာရီအချိန်တွင် လေတိုက်နှုန်းများ တဖြည်းဖြည်းပိုမိုမြင့်မားလာနေတာကိုတွေ့ကြရပါတယ်။ 

(၄) နောက်(၄၈)နာရီအတွင်းမုန်တိုင်းဖြစ်ဖို့(%)တွက်ချက်မှုအရ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းဖြစ်ဖို့ ၁၄% မှ ၁၆% ခန့်ရှိနေပါတယ်။ 

(၅) ဘင်္ဂလားပင်လယ်အော်အတွင်းမုန်တိုင်းသန္ဓေသားစတင်ဖြစ်ပေါ်ရန်အလားအလာ GPP(GENESIS POTENTIAL PARAMETER) တန်ဖိုးမှာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် 25 TO 30 အထိတိုးလာနေပါတယ်။ 

ဒေါက်တာထွန်းလွင်

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်