အသားစားမျိုးနွယ်ဝင်...ငါးဘတ်ငါး

10/03/2020 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ငါးဘတ်ဆိုလျှင် 'ငါးဘတ်မွှေ' ကလူသိများလှသည့် ဟင်းတစ်မည်ဖြစ်သည်။ 'ငါးဘတ်ပုပ်ပုပ်၊ ငရုတ်စပ်စပ်' ဟူ၍ ဆိုရိုးစကားလည်းရှိပါသည်။

    ငါးဘတ်ငါးများမှာ အသားစားငါးအနွယ်ဝင်တွေဖြစ်ပြီး ရေထဲမှ မျိုးမတူတဲ့ ငါးမျိုးစိတ်များကို စားလေ့ရှိကြသည်။ ငါးဘတ်သားပေါက်လေးများမှာ အင်းဆက်နှင့် အခြားငါးသေးသေးလေးများကို စားကြပါသည်။

    ငါးဘတ်ငါးများကို ရေချိုမြစ်၊ ချောင်း၊ အင်းအိုင်၊ ကန် စသည့်တို့တွင်တွေ့ရှိရသည်။ မြန်မာနိုင်ငံအပြင် အရှေ့တောင်အာရှနိုင်ငံများဖြစ်သော အင်ဒို၊ ဗီယက်နမ်၊ ထိုင်းစတဲ့ နိုင်ငံတွေမှာလည်း တွေ့ရှိရပါသည်။ 

    ညဘက်တွင် အစာရှာထွက်လေ့ရှိကြပြီး ငါးဘတ်နှုတ်ခမ်းမွှေးမှာ အာရုံထိတွေ့မှု ကောင်းမွန်လှပြီး အန္တရာယ်ကို ရှောင်ရှားနိုင်ကြပါသည်။ ငါးဘတ်အသားမှာ ချိုဆိမ့်ပြီး အားကိုဖြစ်စေပါသည်။ 

    ငါးဘတ်ငါးကို ငါးဘတ်ဆီပြန်၊ ငါးဘတ်မွှေအပြင် ငါးဘတ်ငါးဆားနယ်ခြောက်ကို ကိုင်းခရမ်းချဉ်သီးဖြင့်ရောကာ အစပ်ချက်ပြီး ငရုတ်သီးစိမ်း၊ နံနံပင်လေးအုပ်၍ ချက်စားခြင်း(သို့) ငါးဘတ်ငါးဆယ်နယ်ခြောက်ကို ကြက်သွန်နီ၊ ငရုတ်သီးခွဲခြမ်းလေးနှင့် ကြော်စားခြင်းဖြင့်လည်း အရသာရှိလှပေသည်။ ထို့ပြင် ငါးဘတ် ငပိရည်ကျို မန်ကျည်းသီးစိမ်းချက်မှာလည်း ခံတွင်းမြိန်စရာ ဟင်းတမည်ဖြစ်ပေသည်။

    ငါးဘတ်ငါးမှာ ဈေးကောင်းလှပြီး ငါးဘတ်တစ်ပိဿာ (၁၂၀၀၀-၁၅၀၀၀) ကျပ်ဝန်းကျင် ဈေးရှိကြပါသည်။ ငါးဘတ်မျိုးစိတ်ကို-

Phylum (မျိုးပေါင်းစု) – Chordata

Class (အမျိုးအစား) – Actinopterygii

Order (မျိုးစဉ်) – Siluriformes

Family (မျိုးရင်း) – Siluridae

Genus (မျိုးစု) – Wallago

Species (မျိုးစိတ်) – Wallago attu တို့ဖြစ်ပါသည်။ 

ပင်လယ်ပြာ (ငါး/ဦးစီး)


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်