ဧရာဝတီတိုင်းဒေသကြီးရှိ ပလောပီနံစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချနေသည့် စျေးကွက်မှာ ၂၀၂၀ခုနှစ်အတွင်း ဆက်တိုက်ကျဆင်းလာကြောင်း သိရသည်။
ပလောပီနံအမှုန့် စျေးတွေကျနေပါတယ်။ ၂၀၁၉ ခုနှစ် တုန်းက တစ်ပိဿာကို ၁၂၀၀ ကျပ် စျေးနှုန်း ရရှိခဲ့တယ်။ ၂၀၂၀ ခုနှစ်မှာတော့ အမှုန့်စျေးက တစ်ပိဿာကို ၈၅၀ ကျပ်ပဲ ရတော့တယ်။ စျေးမကောင်းဘူး။
ဟု ဧရာဝတီတိုင်း၊ ကျုံပျော်မြို့၊ အင်းရဲကျေးရွာရှိ ရွှေပုစွန်ပလောစက်မှ ဦးသန်းလတ်(ခ)ကိုလတ်ကြီး က ပြောသည်။
ပလောပီနံကို ဧရာဝတီတိုင်းဒေသကြီးရှိ ကျုံပျော်၊ ကျောင်းကုန်း၊ အထောင် ဒေသများတွင် အများဆုံး စိုက်ပျိုးနေပြီး စိုက်ပျိုးသူများမှ ကလောပီနံဥကို အခြောက်ခံကာ အမှုန့်ပြုလုပ်၍ ရန်ကုန်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချနေခြင်း ဖြစ်သည်။
ကျွန်တော်တို့က အမှုန့်လုပ်ပြီး တင်ပို့ရောင်းချတာပါ။ စားသောက်ဖွယ်ရာနဲ့ မုန့်တွေအများစုက ပလောပီနံမှုန့်နဲ့လုပ်ကြတာ များပါတယ်။ ရွှေရင်အေးထဲမှာပါတဲ့ သာကူသီးကိုလည်း ပလောမှုန့်နဲ့ပဲ လုပ်ကြတာပါ။
ဟု ဦးသန်းလတ်က ဆက်လက်ပြောသည်။
ပလောပီနံကို မေလပိုင်းတွင် စတင်စိုက်ပျိုးပါက ဇန်နဝါရီလပိုင်း၌ စျေးကွက်တင်ပို့ ရောင်းချနိုင်ကြောင်း တောင်သူများထံမှ သိရသည်။
နန်းထက်ထက်ချစ်(ABM)
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more
Greenovator