မြန်မာ့ငရုတ်ကို တရုတ်ပညာရှင်များနဲ့ ပူးပေါင်းစိုက်ပျိုးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်

07/11/2019 10:33 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုလအတွင်း မြန်မာ့ငရုတ်ကို တရုတ်ပညာရှင်များနဲ့ ပူးပေါင်းစိုက်ပျိုးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း မြန်မာ့ငရုတ်သီး စျေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။ 

မြန်မာ့ငရုတ်အရည်အသွေးများ ပိုမိုကောင်းမွန်လာစေရန်အတွက် မြန်မာပညာရှင်များနဲ့တရုတ်ဘက်မှပညာရှင်များ ပူးပေါင်းကာ စိုက်ပျိုးသွားမှာဖြစ်ကြောင်း မြန်မာ့ငရုတ်သီးစျေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဌ ဒေါ်ဥမ္မာကျော်က ပြောပါတယ်။

ကိုယ်ရဲ့ ဒေသရေမြေအနေအထားကိုကြည့်ပြီး ငရုတ်စိုက်ပျိုးနိုင်ဖို့အတွက် မြန်မာဘက်က နည်းပညာရှင်တွေနဲ့ တရုတ်ဘက်ကနည်းပညာရှင်တွေ ပူးပေါင်းပြီးတော့ စိုက်ပျိုးနိုင်ဖို့အတွက်ဆောင် ရွက်သွားမှာပါ

အခုလက်ရှိ မြန်မာ့ငရုတ်ကို ပြည်ပနိုင်ငံများရဲ့စျေးကွက်များကို အရည်အသွေးကောင်းမျိုးများကိုသာ တင်ပို့သွားနိုင်ရန် စီစဉ်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။ 

မြန်မာ့ငရုတ်ကို ပြည်ပနိုင်ငံများမှလည်း ဝယ်ယူကမ်းလှမ်းမှုများရှိနေကြောင်းလည်း မြန်မာ့ငရုတ်သီး စျေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်