လယ်ဝေး၊ တပ်ကုန်း၊ ပျဉ်းမနားနှင့် ရမည်းသင်းဒေသရှိ တောင်သူများသို့

28/08/2025 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

တိုင်ဖွန်း KAJIKI အကြွင်းအကျန်များက ဩဂုတ်လ ၂၇ မနက်ပိုင်းမှစ၍  မြန်မာနိုင်ငံအရှေ့ဘက်မှ ရှမ်းပြည်နယ်-အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသတွေကိုဖြတ်သန်းပြီး မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တွေအထိ ဆက်လက်ရွေ့လျားဝင်ရောက်နိုင်တာ တွေ့ရပါတယ်။

ဒါကြောင့် နေပြည်တော်တိုင်းဒေသကြီးရှိ လယ်ဝေး၊ ပျဉ်မးနား၊ တပ်ကုန်းနှင့် မန္တလေးတိုင်း ရမည်းသင်းဒေသများတွင် ယနေ့မှစ၍ အပူချိန် ၂၂ -  ၃၂ ဒီဂရီစင်တီဂရိတ်တွင် ရှိကာ စိုထိုင်းစမှာလည်း ၉၀% အထက်တွင်ရှိသည်။ မိုးရေချိန်မှာ ၁ လက်မ ခွဲ ဝန်းကျင် ရွာသွန်းနိုင်ပြီး တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်လာမည့် လေဖိအားနည်းရပ်ဝန်းအသစ်တခုကြောင့် စက်တင်ဘာလ ၁ ရက်နေ့တွင်တော့ မိုးပြန်များနိုင်ကြောင်း တွေ့ရပါတယ်။ 

ထိုကြောင့် ထိုဒေသများတွင် လက်ရှိစိုက်ပျိုးလျက်ရှိသောသီးနှံများ၊ စပါး၊ ငရုတ်၊ မြေပဲ၊ ခရမ်းခင်းနှင့် စပျစ်ခြံများအတွက်

- ရေထုတ်မြောင်းများ၊ ရေလွှဲမြောင်းများဖောက်လုပ်ခြင်း

- ကတွတ်ပေါက်များ ဖွင့်ထားခြင်း

- ဓာတ်မြေဩဇာကြဲပက်ခြင်းများ ဆိုင်းငံ့ထားခြင်း

- စပျစ်ခြံ၊ ကွမ်းခြံနှင့် သင်္ဘောခြံများရေမ၀ပ်ရန်အတွက် ရေများနေပါက ဖောက်ထုတ်ခြင်းနှင့် လိုအပ်ပါက ရေစုပ်စက်အသုံးပြုခြင်းများ ပြုလုပ်သင့်ပါသဖြင့် အဆင်သင့် ကြိုတင်ပြင်ဆင်နိုင်ရန် အသိပေးနှိုးဆော်အပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်