အုန်းနို့ခေါက်ဆွဲတွေ အများကြီးမစားနဲ့ သွေးတိုးလိမ့်မယ်။ အုန်းနို့ပါတယ်လား။ သွေးတိုးတတ်လို့ မစားတော့ဘူးနော်၊လို့ ပြောနေကြတယ်နော်။ တကယ်ကော အုန်းနို့စားရင်သွေးတိုးတတ်လား။ အရာရာကတန်ဆေးလွန်ဘေးလို့ပဲပြောပါရစေ။ အစားအစာတိုင်းက အသင့်အတင့်စားရင် ခန္ဓာကိုယ်အတွက် အားဖြစ်စေသလို ကျန်းမာရေးကို ဆိုးကျိုးမပေးပါဘူး။ ကျန်းမာရေးအကျိုးကျေးဇူးတွေတောင်ရရှိနိုင်ပါသေးတယ်။
အုန်းနို့
အုန်းနို့က အုန်းသီးအရင့်ကို ကြိတ်ပြီး အရည်ညှစ်ထားတာပါ။ သဘာဝကရတဲ့ အာဟာရတစ်မျိုးပေါ့။ မြန်မာနိုင်ငံ အပါအဝင် ထိုင်း နဲ့ အရှေ့တောင်အာရှနိုင်ငံတော်တေ်ာများများမှာ ဟင်းပွဲတွေ။ အချိုပွဲတွေပြင်ဆင်တဲ့အခါ အုန်းနို့ကို အသုံးပြုကြပါတယ်။ ဟာဝိုင်အီ၊ အိန္ဒိယနဲ့ ကာရေဗီယန်နိုင်ငံတွေမှာလည်း အုန်းနို့ကို ကြိုက်နှစ်သက်စွာ စားသုံးနေကြပါတယ်။ အုန်းနို့က အဆီဓာတ်ပါဝင်နေပြီး ရင့်နေတဲ့ အုန်းသီးကနေထုတ်ယူထားတဲ့အဆီအနှစ်ပါ။ အုန်းခွံက အညိုရောင်သန်းသန်းလေလေ အုန်းသီးရင့်လေလေပါ။ ရင့်မှည့်နေတဲ့ အုန်းသီးကို ကြိတ်ထားတဲ့ အုန်းနို့က အဆီပါဝင်မှုများသလို အရသာလည်းရှိပါတယ်။ ဟင်းပွဲတွေရဲ့ အရသာကိုတိုးစေနိုင်တဲ့ အရာတစ်မျိုးပါ။
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more
Greenovator