အပင်အချင်းချင်း မတည့်တာမျိုးရှိလားနှင့် တစ်ပတ်အတွင်း စိတ်ဝင်စားစရာ အမေးအဖြေများ

05/08/2023 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

စိတ်ဝင်စားစရာ အမေးအဖြေတွေကို လေ့လာရမယ့် စနေနေ့ကို ပြန်လည်လို့ရောက်ရှိလာခဲ့ပါပြီ။

ဒီတစ်ပတ်မှာလည်း ဦးကြီးတို့အတွက် လေ့လာမှတ်သားစရာကောင်းတဲ့ အမေးအဖြေလေးတွေကို စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်နော်။

၁။ မေး (Ko Zaw Min Tun) -  စပါးခင်းရေစိမ်နာပြီး နီကုန်လို့ဘယ်လိုလုပ်ရမလဲဗျ။ တစ်လသားကိုမပြည့်သေးလို့ပါ ဘာလုပ်ရမလဲမသိလို့ပါ။

ဖြေ (ဒို့ဦးလေး) - ရေစပ်စပ်ထားပြီး ဂျစ်ဆန် တစ်အိတ်+ပိုတက်ချ်အိတ်ဝက်/၁ဧက နှုန်း ပက်ပေးပါ။

၂။ မေး (Soe Thu Tun)-  စင်တစ်စင်မှာ အပင်မျိုးစုံတင်လို့ရလား အပင်ချင်းမတည့်တာရှိလား။

ဖြေ (ဒို့ဦးလေး) - တစ်မျိုးဘဲကောင်းပါတယ်။ ရှုပ်လွန်းရင် ပိုးရောဂါများတယ်၊ အသီးတင်နည်းမယ်။

၃။ မေး (ဝင်းစိန်) - ဆရာတို့ ကျနော့် ခြံက အသီးတွေမှာ ဝိုင်းထားသလို အဖြူကွက်ဖြစ်နေတာ ဘာဆေးဖြန်းရမာလဲဗျ။

ဖြေ(ဒို့ဦးလေး) - မိတ်ဆွေခြံမှာ လှေး ကျရောက်နေပါလိမ့်မယ်။ သို့မဟုတ် သီးကင်းဝင်စအချိန်လည်း ဖြစ်နိုင်ပါတယ်၊ ဒါကြောင့်အခုလို အဖြူပွေးတက်နေတာပါ။ လှေး၊ မွှား အတွက် Pyridaben (ပံသာ) အညွှန်းဖတ်ပြီး ဖျန်းပါ။

၄။ မေး (Say) - ကွမ်းအထွက်တိုးဖို့ ဘာဆေးသုံးပေးရမလဲ။

(ဖုန်းမဏ်တိုး) - ဆေး သုံးရုံတစ်ခုတည်းထက်စာရင် စိုက်နည်း မြေကောင်းမကောင်း ခြံသန့်ရှင်းရေး ခူးတာကအစ ဂရုစိုက်ပေးစေချင်ပါတယ်။ ပုံမှန်ကွမ်းသမားတွေ အထွက်ပိုရအောင် သုံးတာတွေကတော့ ကွမ်းအထူးရွက်ဖျန်းတွေ၊ အမိုအက်စစ်ပါတာတွေနဲ့ နိုက်ထရိုဖီနော် ဟော်မုန်းတွေကိုကျွေးကြပါတယ်။

၅။ မေး (Jelly Ford Aung) - အပင်အမြင့် ပေ ၂၀ ကျော်လောက်ရှိ သရက်ပင်အား ပေ ဘယ်လောက်ထား၍ ကိုင်းဖြတ်သင့်ပါသလဲ။ ၆ ပေလောက်ထားလျှင် သင့်တော်ပါသလားခင်ဗျာ။ အသီးပြန်သီးရန် ဘယ်နှနှစ်လောက်စောင့်ရပါသလဲခင်ဗျာ။

(ဒို့ဦးလေး) - အနိမ့်ဆုံးကိုင်း ၆ပေထားပြီး အမြင့်ဆုံး၁၀ပေလောက်ထားပါလား.. အသီးသီးဖို့ နှစ်ရာသီတော့စောင့်ရမှာ။

မေးခွန်းတွေအကုန်လုံးကလည်း အခုချိန်တောင်သူတိုင်းကြုံတွေ့နေရတဲ့ ပြဿနာတွေကြီးကို စုစည်းထားတာမို့ ဗဟုသုတရမယ်လို့ မျှော်လင့်ပါတယ်ရှင့်။

တခြားမိတ်ဆွေတောင်သူတွေလည်း ဒီလိုမျိုးအကြံဉာဏ်တွေရယူချင်တယ်ဆို အမေးအဖြေကဏ္ဍမှာ ပို့စ်တင်မေးလို့ရနေပါပြီနော်။ ဘယ်လိုတွေမေးရမှန်းမသိရင် ပုံလေးသာတင်ပြီး မေးလိုက်။ ဆရာတို့က သေချာကြည့်ပြီး ဖြေပေးနေပါပြီရှင့်။ အမေးအဖြေကဏ္ဍမှာ အားမနာတမ်း ပို့စ်တင်မေးနိုင်ပါကြောင်း သတင်းကောင်းပေးရင်း ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါဦးမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်