တောင်သူများကို နည်းပညာဝန်ဆောင်မှုပေးမည့် Content Manager

25/01/2022 13:06 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကိုဇင်ဘိုလွင်သည် စိုက်ပျိုးရေးတက္ကသိုလ်ဘွဲ့ရတစ်ဦးဖြစ်ပြီး ဘွဲ့ရပြီးနောက် Agriculturist တစ်ဦးအဖြစ် ၂ နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့သည်။ ထို့နောက် သတင်းမီဒီယာနယ်ပယ်သို့ ရောက်ရှိခဲ့ပြီး Eleven Media Group တွင် Reporter, Senior Reporter, Editor, Senior Editor ရာထူးများဖြင့် ၇ နှစ်နီးပါးခန့် လုပ်ကိုင်ခဲ့သူဖြစ်သည်။ ကြားကာလအတွင်း အစ္စရေးနိုင်ငံသို့ စိုက်ပျိုးမွေးမြူရေးသင်တန်း ၁၁ လကြာ တက်ရောက်လေ့လာခဲ့သည်။

Eleven Media Group မှ ထွက်ခွာပြီးနောက် စပါးမျိုးစေ့ထုတ်လုပ်ရေးတာဝန်ခံတစ်ဦးအနေဖြင့် စိုက်ပျိုးရေးနယ်ပယ်အတွင်း ပြန်လည်လုပ်ကိုင်ခဲ့ပြီး ယခုအခါတွင်မူ Greenovator Co.,Ltd. က တောင်သူများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနည်းပညာများကို ဖြန့်ချိပေးနေရာတွင် ပိုမိုထိရောက်မှုရှိစေရန် Content Manager အဖြစ် တာဝန်ယူလုပ်ကိုင်သွားမည်ဖြစ်သည်။

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်