COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

14/09/2020 15:56 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

(၁၄-၉-၂၀၂၀) ရက်နေ့၊ မွန်းလွဲ (၃:၃၀) နာရီ

၁။ ယမန်နေ့ (၁၃-၉-၂၀၂၀) ရက်နေ့ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် တွေ့ရှိခဲ့ရသည့် COVID-19 လူနာများတွေ့ရှိမှုအခြေအနေများကို ဖော်ပြအပ်ပါသည်။၂။ မြောက်ဥက္ကလာပဆေးရုံကြီး တွင် တက်ရောက်ကုသမှုခံယူလျက်ရှိ‌သော အသက် (၇၀) နှစ်အရွယ် သွေးတိုးရောဂါအခံရှိသူ အမျိုးသား (Case-2504) သည် ပြင်းထန်အဆုတ်ရောင်ရောဂါ ကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်းရောဂါဖြင့် (၁၃-၉-၂၀၂၀) ရက်နေ့၊ ညနေ (၄:၀၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။

၃။ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိ‌သော အသက် (၇၂) နှစ် အရွယ် ဆီးချိုရောဂါ၊ သွေးတိုး နှင့် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသူ အမျိုးသား (Case-1987) သည် ပြင်းထန်အဆုတ်ရောင်ရောဂါ ကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း ရောဂါဖြင့် (၁၄-၉-၂၀၂၀) ရက်နေ့၊ နံနက် (၆:၃၆) နာရီ အချိန်တွင် သေဆုံး သွားခဲ့ပါသည်။

၄။ သို့ဖြစ်ပါ၍ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူစုစုပေါင်း (၂၆) ဦး ရှိပြီဖြစ်ပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်