COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

09/09/2020 09:15 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

(၉-၉-၂၀၂၀)  ရက်နေ့၊  နံနက် (၈:၀၀) နာရီ

၁။ (၈-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၇၇၄)ခု၊

- ဆေးသုတေသနဦးစီးဌာန (DMR) မှ  ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၉၄) ခု

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲ နမူနာ (၁၈၄) ခု  နှင့်

- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၃၀) ခု၊

- စုစုပေါင်း ဓာတ်ခွဲနမူနာ (၁,၀၈၂)ခု အား စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၉၈) ဦး တွေ့ရှိရပါသည်။  

၂။ ဝေဘာဂီအထူးကုဆေးရုံကြီး၊ ရန်ကုန်မြို့တွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အသက် (၅၁)နှစ်အရွယ် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ အမျိုးသားတစ်ဦး (Case – 885) သည် (၉-၉-၂၀၂၀)ရက်နေ့၊ နံနက် (၃:၃၀) နာရီအချိန်တွင် ရုတ်တရက်နှလုံးရပ်ခြင်း၊ ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်း ပျက်စီးခြင်းဖြင့် သေဆုံးခဲ့ ပါသည်။

၃။ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး၊ရန်ကုန်မြို့တွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အသက်(၅၇)နှစ်အရွယ် ဆီးချို၊ သွေးတိုးရောဂါအခံရှိသူ အမျိုးသမီးတစ်ဦး၊ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case – 1692) သည် ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးခြင်းဖြင့် (၇-၉-၂၀၂၀) ရက်နေ့၊ ညနေ (၄:၀၅) နာရီအချိန် တွင် သေဆုံးခဲ့ပါသည်။

၄။ (၉-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ   အတည်ပြုလူနာ (၁,၈၀၇) ဦးရှိပါသည်။

၅။ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၁၂)ဦး ရှိပါသည်။ 

၆။ (၈-၉-၂၀၂၀) ရက်နေ့အတွက်  COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် -

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၁,၈၂၀)ခု၊

- ဆေးသုတေသနဦးစီးဌာန (DMR)မှ  ဓာတ်ခွဲနမူနာ (၄၄၅) ခု၊

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ  ဓာတ်ခွဲနမူနာ (၅၅၂) ခု၊

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၁၇၆) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၄၄) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၃၅) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၆) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊

- နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၂၅) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ လွိုင်ကော်မြို့မှ ဓာတ်ခွဲနမူနာ (၂) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာ (၂) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ဟားခါးမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့မှ ဓာတ်ခွဲနမူနာ (၆) ခုနှင့်

- အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ကုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၀၂) ခု

- စုစုပေါင်း ဓာတ်ခွဲနမူနာ (၃,၃၁၇)ခု အားစစ်ဆေးခဲ့ပါသည်။

၇။ ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ သတင်းအချက်အလက်များကို ထပ်မံထုတ်ပြန်မည်ဖြစ်ပါသည်။

#Ministry_of_Health_and_Sports, #MoHS, #COVID19LabResults, #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ

https://www.mohs.gov.mm/

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်