ပြည်မြို့တွင်ရှိသော ရွှေပြည်မြေ စက်မှုလယ်ယာစိုက်ပျိုးရေး လုပ်ငန်းမှ စိုက်ကွင်းများတွင် စိုက်ပျိုးရေးသုံး ခေတ်မှီ စက်ယန္တရားများ မောင်းနှင်ကိုင်တွယ်နိုင်မည့် ယာဉ်မောင်းများ လိုအပ်လျက်ရှိပါသည်။ လျောက်ထားမည့်သူများသည် အင်္ဂလိပ်စာ အသင့်တင့်ပြောဆိုနိုင်ရမည်ဖြစ်ပြီး သင်ယူလိုစိတ် ရှိရမည်ဖြစ်ပါသည်။ ကွင်းထဲရှိ အိပ်ဆောင် သို့မဟုတ် ပြည်မြို့ အနီးပတ်ဝန်းကျင်တွင် နေထိုင်နိုင်သူ ဖြစ်ရပါမည်။ စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ ကိုယ်ရေး အကျဉ်းနှင့်အတူ [email protected] သို့ ပေးပို့လျောက်ထားရမည်ဖြစ်ပါသည်။ လစာနှုန်းထားမှာ ကျပ် ၃ သိန်း မှ ၇ အထိ ရရှိနိုင်ပြီး မိမိအရည်အချင်းနှင့် အတွေ့အကြုံပေါ်မူတည်ပြီး ညှိနှုန်းနိုင်ပါသည်။
လုပ်ဆောင်ရမည့်လုပ်ငန်းအကြောင်း အသေးစိတ်သိလိုပါက ဒီမွာ ဖတ္ပါ။
ရွှေပြည်မြေကုမ္ပဏီသည် ၂၀၁၄-၂၀၁၅ ခုနှစ်မှ စတင်၍ ပြည်မြို့တွင် စက်မှုလယ်ယာစနစ်ဖြင့် စျေးကွက်သီးနှံများ စတင်စိုက်ပျိုးလာပြီး နိုင်ငံတကာစျေးကွက်ဖြင့် ချိတ်ဆက်လုပ်ကိုင်နေသည့် နိုင်ငံခြားသား ဦးစီးလုပ်ကိုင်နေသည့် ခေတ်မီ စက်မှုလယ်ယာတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ပုံတွင် ဖော်ပြထားသည့် ဗဟိုလှည့်စနစ်ဖြင့် စက်ဝိုင်းပုံစံ ရေသွင်းစိုက်ပျိုးသည့် စနစ် (Pivots farming) တစ်ခုလည်း ဖြစ်ပါသည်။
ဓာတ္ပံု - Southern Water
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more
Greenovator