မြန်မာ့ဆီး(ဇီး)ပျားရည်ကို ဂျပန်နိုင်ငံဈေးကွက်မှ လိုလားနှစ်သက်မှုရှိ

26/06/2020 13:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    မြန်မာ့ဆီး(ဇီး)ပျားရည်ကို ဂျပန်နိုင်ငံဈေးကွက်မှ လိုလားနှစ်သက်မှုရှိနေကြောင်း သဘာဝပျားရည်ရောင်းဝယ်ရေး လုပ်ငန်းများမှ သိရသည်။

    မြန်မာနိုင်ငံမှထွက်ရှိသည့် တောဆီး(ဇီး)ပျားရည်ကို နမူနာပေးပို့ပြီးနောက် ဂျပန်နိုင်ငံမှ နှစ်သက်သဖြင့် ရန်ကုန်အခြေစိုက် NRD Co.Ltd ကုမ္ပဏီမှတဆင့် ၂၀၂၀ ခုနှစ်၊ ဧပြီ(၂၀)ရက်က ပျားရည် မက်ထရစ်တန်(၂)တန် ဂျပန်သို့ တင်ပို့ခဲ့သည်။

ကျွန်တော်တို့ဆီက  မြန်မာ့ဆီး(ဇီး)ပျားရည်ကို ပါကင်ထုတ်ပိုးပြီး ကုမ္ပဏီကိုပေးရတယ်။ ကုမ္ပဏီကနေပြီး ဂျပန်ကိုတင်ပို့ပါတယ်။ တောဆီး(ဇီး) ပျားရည်နမူနာကို ဂျပန်ကို အရင်ပို့ကြည့်တော့ ဂျပန်နိုင်ငံဘက်က ကြိုက်တယ်ဆိုပြီး မှာယူခဲ့တာပါ။ မြန်မာ့အကောင်းဆုံးပျားရည်အမျိုးအစားထဲမှာ ဆီး(ဇီး) ပျားရည်က ပါဝင်ပါတယ်။ နေကြာပျားရည်ကျတော့ အေးခဲလွယ်တယ်။ သကြားပါဝင်မှုနှုန်း များတယ်။ ဆီး(ဇီး) ပျားရည်ကျတော့ အချဉ်ဓာတ်ကလေးရော အချိုဓာတ်ရော ပါတယ်။ မအေးခဲလွယ်ဘူး။ ဆီး(ဇီး) ပျားရည်ရဲ့ အဲ့ဒီအချက်လေးတွေကို ဂျပန်က သဘောကျသွားတာပါ။

ဟု ပျားသုံးဖော် သဘာဝပျားရည်ရောင်းဝယ်ရေးလုပ်ငန်းမှ စီမံအုပ်ချုပ်သူ ဦးမြင့်နိုင် က ပြောသည်။

     ပြည်တွင်း ပြည်ပရှိ Export လမ်းကြောင်းများ ပြန်လည်လည်ပတ်ပါက ပျားရည်ထပ်မံမှာယူမှုများ ရှိလာနိုင်ကြောင်းသိရသည်။

၂၀၂၀ ခုနှစ် ဘက်ဂျတ်ကာလအတွင်းမှာတော့ ကျွန်တော်တို့ ပထမဆုံးတင်ပို့နိုင်ခဲ့တာပါ။ အခုက Export လမ်းကြောင်းတွေ သိပ်မလည်ပတ်နိုင်သေးလို့ ခဏရပ်ထားတာပါ။ လမ်းကြောင်းတွေ ပြန်ပွင့်တာနဲ့ ပျားရည်ထပ်ပြီးမှာယူဖို့ အလားအလာတွေလည်း ရှိပါတယ်။

ဟု ဦးမြင့်နိုင် က ဆက်လက်ပြောသည်။

     အဆိုပါ တင်ပို့သည့်ပျားရည်မှာ အရည်အသွေးမြင့် ဥရောပပျားမျိုးကို ပြည်တွင်း၌ မွေးမြူ၍ စက်တင်ဘာလ၊ အောက်တိုဘာလများတွင် ထုတ်လုပ်ထားသည့် ဆီး(ဇီး)ပျားရည် အမျိုးအစားဖြစ်ကြောင်း သိရသည်။

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်