မြားနီနည်းပညာပေးအဖွဲ့၏ ဟင်းသီးဟင်းရွက်စိုက်သင်တန်းတက်ရောက်ရန် စာရင်းပေးသွင်းထားသူများအနေဖြင့် အစိမ်းရောင်လမ်းဆော့ဝဲအတွင်းရှိ မြားနီနည်းပညာပေးအဖွဲ့သို့ ဝင်ရောက်ထားမှသာ သင်တန်းတက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
2026ခု၊ ဇွန်လ 24ရက် (ယနေ့ညနေ ၅ နာရီ) အထိ မြားနီနည်းပညာပေးရေးအဖွဲ့သို့ ဝင်ရောက်လာခြင်းမရှိသူများသည်
သင်တန်းတက်ရောက်ခွင့်ရမည် မဟုတ်ပါ။
ယခုအချိန်တွင် မြားနီနည်းပညာပေးရေးအဖွဲ့အသုံးပြုနေသော [email protected] ဖြင့် သင်တန်းတက်ရောက်ချင်သူများအား သေချာမှုရှိစေရန် email များလည်း ပေးပို့နေပြီဖြစ်ပြီး စာရင်းပေးသွားထားသူများအနေဖြင့် မိမိ အီးမေးလ်၏ inbox နှင့် spam message တွင် ဝင်ရောက်ကြည့်ရှုပြီး email လက်ခံရရှိကြောင်း ပြန်လည်အကြောင်းကြားပေးရန် လိုအပ်ပါကြောင်းလည်း အသိပေးပါရစေ။
မြားနီနည်းပညာပေးအဖွဲ့သို့ ဝင်ရောက်ရန်အတွက် အောက်ပါ လင့်ခ်ကိုနှိပ်ပါ။
https://greenwaymyanmar.com/group/55
အောက်ပါVideo အတိုင်းလည်း Gp အတွင်းသို့ ဝင်ရောက်နိုင်ပါသည်။
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more