ငါးကွမ်းရှပ် ( Mackerel Fish )

20/01/2020 11:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

  ငါးကွမ်းရှပ်ငါးကို အင်္ဂလိပ်လို Spanish Mackerel ဟုသိရသည်။ မြန်မာလို ငါးကွမ်းရှပ် ( ခေါ် ) ငါးညို့ဟုလည်း လူသိများကြပါသည်။ ငါးကွမ်းရှပ်ငါးများမှာ ရေပေါ်ရေလွှာနေ ( Pelagic Fish ) များဖြစ်ကြပြီး ရေငန်ဒေသ ၊ ရေချိုရေငန်စပ်ဒေသများတွင် တွေ့ရများသည်။

   ငါးကွမ်းရှပ်ငါးမှာ အကြေးခွံမပါတဲ့ အကြေးခွံမဲ့ ( scaleless ) ငါးတစ်မျိုးဖြစ်သည်။ အရိုးနည်းပြီး အသားများကာ အရသာထူးခြားကောင်းမွန်လှပါသည်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဟောင်ကောင်၊ ဂျပန်၊ ထိုင်း စတဲ့နိုင်ငံတွေမှာလည်း တွေ့ရှိရပါသည်။

    ငါးကွမ်းရှပ်ငါး ( Mackerel  Fish ) များမှာ အသားစား ( Carnivorous ) များဖြစ်ကြပြီး ငါးငယ်များ၊ ပုစွန်၊ ကင်းမွန် စတဲ့ အခွံမာရေသတ္တဝါများကို သူတို့၏အစာအဖြစ် စားသုံးကြပါသည်။ ငါးကွမ်းရှပ်အမမှာ ဥပေါင်း (၅ – ၁၅ ) သိန်းခန့်ထိ ဥဥနိုင်ကြပါသည်။

    ငါးကွမ်းရှပ်ငါးမှာ လူသားတို့၏ ကျန်းမာရေးအတွက် အလွန်အကျိုးပြုတဲ့ ငါးတစ်မျိုးလည်းဖြစ်သည်။ ငါးကွမ်းရှပ်ကို စားခြင်းအားဖြင့် လူတို့၏သွေးအတွင်းရှိ သကြားဓာတ်ကို လျော့ချပေး၏။ လူသားတို့အတွက် မရှိမဖြစ်လိုအပ်သည့် Omega – 3 fatty acids ကိုလည်း ရရှိစေပါသည်။

    ငါးကွမ်းရှပ်ငါးဟင်းလျာများမှာ ငါးကွမ်းရှပ်ငါးကြော်နှပ်၊ ငါးကွမ်းရှပ်ငါးဆုပ်လုံးဆီပြန်၊ ငါးကွမ်းရှပ်သောက်ဆမ်း/ မွန်ဟင်း၊ ငါးကွမ်းရှပ်ရေညှိလိပ်၊ ငါးကွမ်းရှပ်ခြောက်ဆီပြန်ရေကျန်ဟင်း စသည်တို့ဖြစ်သည်။ ထို့ပြင် ငါးကွမ်းရှပ်ငါးခြောက်ဆားပေါ့များမှာ ဈေးကောင်းလှသလို ငါးကွမ်းရှပ်ငါးဖြင့် ပြုလုပ်ထားသော ငါးမုန့်မှာလည်း အရသာကောင်းမွန်လှပေသည်။ ရွာဓလေ့အလှူများတွင်လည်း ငါးခြောက်ထောင်းကြော်၊ ငါးခြောက်နှပ်ဟင်းလျာများအတွက် ငါးကွမ်းရှပ်ငါးခြောက်ကို အများဆုံးအသုံးပြုကြပါသည်။

ငါးကွမ်းရှပ်ငါးကို -

    Phylum ( မျိုးပေါင်းစု ) - Chordata

     Class    ( အမျိုးအစား ) - Actinopte rygii

     Order   ( မျိုးစဥ် )        -  Scombriformes

     Family ( မျိုးရင်း )      -  Scombridae

     Genus  ( မျိုးစု )         -  Scomberomorus

     Species ( မျိုးစိတ် )    -  Scomberomorus guttatus

     English Name (အင်္ဂလိပ် ) -Spanish Mackerel ဟူ၍ဖြစ်ပါသည်။

ပင်လယ်ပြာ ( ငါးဦးစီး )


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်