“၁.၅ သန်းသော ဦးဆောင်လှုပ်ရှားသူများသည် အပင်ဦးရေ ၆၆ သန်းကို ၁၂ နာရီအတွင်းစိုက်ပျိုးကာ ဂရင်းနစ်စံချိန်တင်ခဲ့”

26/04/2019 02:30 AM တွင် သိမ့်ဇာ သိမ့်ဇာ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 အိန္ဒိယပြည်အလယ်ပိုင်း၊ မဒရာပရာဒစ် ပြည်နယ်၊ နာရ်မာဒါ(Narmada)  မြစ်ကြောင်းတစ်လျောက်တွင် လူ ပေါင်း ၁.၅ သန်းဖြင့် အပင်ဦးရေ ၆၆ သန်းကို ၁၂ နာရီအတွင်း စိုက်ပျိုးနိုင်ခဲ့ပြီးတဲ့နောက်မှာတော့  ဂရင်းနစ် စံချိန်တင်ခဲ့ပါတယ်။ 

Uttar Pradesh ရဲ့ ရှေးယခင် မှတ်တမ်းတွေအရ ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ လူဦးရေ ၈ သိန်းက အပင် သန်း၅၀ ကို စိုက်ပျိုးခဲ့ပြီး အကောင်းဆုံး စာရင်းဝင်ထားခဲ့ဖူးတဲ့ မှတ်တမ်းတွေလည်းရှိပါတယ်။

မဒရာ ပရာဒစ် ပြည်နယ်  ဝန်ကြီးချုပ်ဖြစ်သူ ရှိဗ်ရချ်ဆင်းဂ်ချိုဟန်( Shivraj Singh Chouhan), က “ဒီနေ့ မဒရာ ပရာဒစ် (Madhya Pradesh)  ပြည်သူတွေဟာ ပျိုးပင်ပေါင်း(၆.၆၈) ကုဋေကို အောင်မြင်စွာ စိုက်ပျိုး ခဲ့ကြလို့ ကျွန်တော်  တော်တော့်ကို ဝမ်းမြောက်ဂုဏ်ယူမိပါတယ်” လို့ သူ့ရဲ့ လူ့မှုကွန်ယက်ပေါ်က ကိုယ်ပိုင်စာ မျက်နှာ(Twitter)မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ယခုလို အပင်တွေအများကြီးစိုက်တဲ့ ပွဲတွေလုပ်ရခြင်းရဲ့ရည်ရွယ်ချက်က “အိန္ဒိယပြည် တစ်ဖန်ပြန်လည် စိမ်းလန်းရမည်”ဆိုတဲ့အစီအစဉ်နဲ့ တစ်မျိုးသားလုံး သတိထားမိလာစေရန် ဖြစ်ပါတယ်။ ပဲရစ်မှာလုပ်တဲ့ ရာသီဥတုဆိုင်ရာညီလာခံမှာ အိန္ဒိယရဲ့သစ်တောဧရိယာသည်၂၀၃၀ ခုနှစ်ရောက်တဲ့အခါ ၂၃၅ သန်း ဧကထိ တိုးလာရမည် လို့ ကတိပေးခဲ့ပါတယ် ။ဒီအတွက်လည်း အမေရိကန်ဒေါ်လာ ၆.၂ ဘီလီယံ ထည့်ဝင်ထားရတာဖြစ်ပါတယ်။

Chouhan က “ဒီနေ့ သစ်ပင်စိုက်သွားတဲ့သူတွေအပေါ်မှာ ကျွန်တော်တော့ ကျေးဇူးကြွေး အများကြီးတင်သွား ပြီ” “ကျွန်တော်တို့တွေဟာ သဘာဝတရားကြီးကို ကယ်တင်ဖို့အတွက် သိသိသာသာကို အကူညီပေးရမှာပါ။ ပဏာမအနေနဲ့ နှစ်ရှည်ပင်တွေစိုက်ပျိုးခြင်းဖြင့် ကျွန်တော်တို့အားလုံး ရာသီဥတုပြောင်းလဲခြင်းမှာ တတ်အားသ၍ ပါဝင်ကြပြီး သဘာဝပတ်ဝန်းကျင်ကြီးကို ကာကွယ်သွားရမှာဖြစ်ပါတယ်။”လို့ India.com ကိုပြောခဲ့ပါ တယ်။

သိမ့်ဇာ

Ref; https://www.ecowatch.com/india-trees-world-record-2452569239.html

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်