ခရမ်းချဉ်သီးနှင့် ကျန်းမာရေးအကျိုးကျေးဇူး (၆) ချက်

15/07/2019 15:00 PM တွင် မနှင်းဝင့်ဝါလွင် မနှင်းဝင့်ဝါလွင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ခရမ်းချဉ်သီးနှင့် ကျန်းမာရေးအကျိုးကျေးဇူး () ချက်

ကျွန်တော်တို့သည် နေ့စဉ်စားသုံးဖို့ အခွင့်ရေးများစွာရှိပါသည်။ခရမ်းချဉ်သီးကို ယိုပြုလုပ် ၍သော်လည်းကောင်း၊ ချက်၍သော်လည်းကောင်း၊ အသားများချက်ရာတွင်အနှစ်အဖြစ်လည်းကောင်း၊ လက်ဖက်သုပ်စားရာတွင် ထည့်၍သော်လည်းကောင်း၊ အခြားသီးနှံများနှင့်ရောကြော်၍ သော်လည်းကောင်း ပုံစံအမျိုးမျိုးဖြင့််ပြုလုပ်စားသုံးကြသည်။ခရမ်းချဉ်သီးကို ကြိုက်လွန်းသော လူအချို့သည် သွားရေစာအဖြစ် ရေဆေးပြီး အလုံးလိုက်ပင် အစိမ်းစားသုံးတတ်ကြသည်။

ခရမ်းချဉ်သီးကိုစားလျှင် အသားအရေလှသည်ဟူသော အချက်ကို လူတိုင်းနီးပါး ကောင်းစွာသိကြမည်ဖြစ်ပါသည်။ထိုကဲ့သို့ ခရမ်းချဉ်သီးကို စားလျှင် ရရှိနိုင်မည့် အကျိုးကျေးဇူး () ချက်ကို အောက်တွင် ဖော်ပြလိုက်ပါသည်။

() ခရမ်းချဉ်သီးတွင် အနီရောင်ကိုဖြစ်စေသော လိုင်ကိုပင်း ဟူသောရောင်ခြယ် ပစ္စည်းပါဝင်ပါသည်။ လိုင်ကိုပင်း ပါဝင်မှုကြောင့် ခရမ်းချဉ်သီးကိုစားသုံးပါက အသားအရေလှစေသည့်အပြင် နှလုံး နှင့်ဆံပင်တို့ကိုပါ ကျန်းမာကောင်းမွန်စေပါသည်။

() ကယ်လ်စီယမ်ဓာတ်လည်း ပါဝင်သောကြာင့် ခန္ဓာကိုယ်ရှိ အရိုးများ ၊ သွားများကိုလည်း ကျန်းမာကောင်းမွန်စေပါသည်။

() ခရမ်းချဉ်သီးတွင် မျက်လုံးအားကောင်းစေသော ဗီတာမင်အေ လည်းပါဝင်ပါသည်။ထို့ကြောင့် အမြင်အာရုံအားနည်းသူများ ခရမ်းချဉ်သီးကို ပိုမိုစားသုံးသင့်ပါသည်။

() ခရမ်းချဉ်သီးတွင် ရေဓာတ်များစွာပါဝင်သည့် အတွက် အစိမ်းလိုက်စားသုံးပေးပါက ဆီးကျောက် ဖြစ်ခြင်းများကိုလည်း ကာကွယ်ပေးနိုင်ပါသည်။

() တစ်နေ့ ()လုံး ပုံမှန်စားသုံးပေးပါက အဆုတ်ကိုလည်း ကျန်းမာစေသည်။ ဆေးလိပ်သောက်သုံးသူများသည် ခရမ်းချဉ်သီးကိုနေ့စဉ်ပုံမှန်စားသုံးသင့်ပါသည်။

() ခရမ်းချဉ်သီးသည် ကင်ဆာရောဂါဖြစ်ပွားမှုများမှလည်း ကာကွယ်ပေးနိုင်ပါသည်။ လိုင်ကိုပင်း ပါဝင်မှုအများဆုံးဖြစ်ပြီး ဗီတာမင်စီ နှင့် ဗီတာမင်အေတို့လည်း ပါဝင်သဖြင့် အစာအိမ်ကင်ဆာ ဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်ပါသည်။

Reference- https://universityhealthnews.com/daily/nutrition/health-benefits-tomatoes/

နှင်းဝင့်ဝါလွင်

 

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်