ပျိုးပင် အဝေးတင်မယ်ဆိုရင်

16/08/2018 10:27 AM တွင် Khant Zaw Htet Khant Zaw Htet မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပျိုးပင်တွေ တစ်နေရာက တစ်နေရာသယ်ယူမယ်ဆိုရင် အသယ်ခံအောင်၊ ပျက်စီးမသွားအောင်လို့ သတိထားရမဲ့ အချက်တွေကို သိရှိစေဖို့ ဖော်ပြပေးလိုက်ရပါတယ်။

၁။ ပျိုးပင်​ကို ​ရေဝဝ ​လောင်းပါ။

၂။ တစ်နာရီ​ကျော်​ထားပြီးရင်​ ပျိုးအိတ်​တစ်ခုလုံးကို အိတ်​နဲ့ အမြစ်​များမလှုပ်​​အောင်​ ​သေချာထုပ်​ပိုး ချည်​​နှောင်​ပါ။

၃။ အများဆုံး မလုပ်​ချင်ကြပါဘူး။ ပန်းပွင့်များပါခဲ့ရင်​ အားလုံး​ခြွေထား​ပေးပါ။ အပင်​ bodyweight ​လျော့တယ်​​ခေါ်မယ် ထင်ပါ​​တယ်​။

၄။ မိမိ ထားမယ့် အိမ်​​ရောက်​ပြီဆိုရင်​ အရိပ်​​အောက်​မှာ တစ်ရက်​​လောက်​ထားပါ။ အပင်​ ပြုစုမှု ပြုလုပ်​ပါ။ ချည်​ပိုးလာ​သောအရာများကို အမြစ်​မလှုပ်​​အောင်​ စနစ်​တကျ ဖြည်​ထုပ်​ပါ။

၅။ အပင်​ကိုတစ်ရက်​​စောင့် ကြည့်ပြီး လန်းဆန်းနေရင်​ အိမ်​အမိုး​အောက်​ အလင်း​ရောင်​နဂိုထက်​ပို​ရသော​နေရာ ထား​ပေးပါ။

၆။ ​နောက်​ရက်​ အပင်​ဆက်​လန်းဆန်း​နေမှ မိမိ ထားချင်​သည့်နေရာမှာ ထား​ပေးပါ။ အပင်​ ၁၀ဝမှာ ၉၀%​ လောက်​ ရှင်​သန်​​နေပါလိမ့်​မယ်​။

အကယ်​လို့

အခုလို လုပ်​ငန်းစဉ်​မှာ အပင်​များညှိုး​နေသေးတယ်ဆိုလျှင်​တော့ အရွက်​ရင့်များ တစ်ဝတ်​အထိ ​လျော့ချ​ပေးဖို့ လိုပါလိမ့်မယ်​။

Khant Zaw Htet


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်