မြန်မာ့ငရုတ်သီးအစို ဝယ်လိုအားတက်လာ

05/05/2020 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုလအတွင်း မြန်မာ့ငရုတ်သီးအစိုမှာ ပြည်ပမှဝယ်လိုအား မြင့်တက်လာတာဖြစ်ကြောင်း မြန်မာ့ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။

မြန်မာ့ငရုတ်သီးအစိုကို တရုတ်နိုင်ငံမှ ဝယ်လိုအားမြင့်တက်လာတာကြောင့် ဈေးနှုန်းမှာလည်း မြင့်တက်လာတာဖြစ်တယ်လို့ မြန်မာ့ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဌ ဒေါ်ဥမ္မာကျော်ကပြောပါတယ်။

ငရုတ်သီးအစိုက တရုတ်ကနေအဝယ်လိုက်လာတော့ ဈေးတွေလည်းတက်လာတယ်။ အစိုဈေးကတော့ လာရောင်းတဲ့ ဆိုဒ်နဲ့ အရည်အသွေးပေါ်ကြည့်ပြီးတော့ ပေးဝယ်တာပေါ့။အခုလက်ရှိမှာတော့ တရုတ်ကိုတင်ပို့နေတယ်

မြန်မာ့ငရုတ်သီးအစို တစ်ပိဿာမှာ အရင်လအတွင်းက တစ်ပိဿာကို ၁၃၀၀ ကျပ် မှ ယခုလအတွင်း တစ်ပိဿာကို ၂၃၀၀ ဝန်းကျင် ဈေးနှုန်းတက်လာတာဖြစ်ပြီး တရုတ်နိုင်ငံကိုအဓိကတင်ပို့နေတာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

မြန်မာနိုင်ငံအောက်ပိုင်း ဧရာဝတီတိုင်းဒေသကြီးနဲ့ မြန်မာနိုင်ငံအထက်ပိုင်းတို့မှာ မြန်မာ့ငရုတ်သီးကို အများဆုံးစိုက်ပျိုးတာဖြစ်ကြောင်း မြန်မာ့ငရုတ်သီးဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း မှသိရပါတယ်။ 

တိုးတိုးခိုင်(ABM)


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်