သိုး၊ဆိတ်များတွင်အဖြစ်များပြီး လူကိုပါ ကူးစက်တတ်သည့် သားလျှောရောဂါ

23/05/2022 15:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

သိုး၊ ဆိတ်များတွင်အဖြစ်များပြီး ကူးစက်တတ်သော သားလျှောရောဂါမှာ Toxoplasma gondii, Chlamydophila, Cordelia,Campylobacter နှင့် Brucella ဟူသော ရောဂါပိုးများကြောင့် ဖြစ်ပွားကြပါသည်။

သို့သော် အခြားရောဂါပိုးများကြောင့်လည်း သားလျှောခြင်း ဖြစ်ပွားနိုင်ပါသည်။

အမ ၁ ကောင်သားလျှောရာမှ အခြားကောင်များသို့လည်း ကူးစက်သွားကာ သားလျှောသည်အထိ ဖြစ်နိုင်ပါသည်။

 သတိပြုရန်မှာ သားလျှောစေသောရောဂါပိုးအတော်များများသည် လူသို့ကူးစက်နိုင်ပြီး လူတွင်လည်း သားလျှောခြင်းဖြစ်စေနိုင်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်မည့် အမျိုးသမီးများအနေ ဖြင့် သိုး၊ဆိတ်များမွေးဖွားရာသို့ သတိဖြင့်သွားလာသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် အချို့သောတိရစ္ဆာန်များမှာ သားမလျှောသော်လည်း ရောဂါပိုးရှိနေတတ်ပြီး မွေးဖွားချိန် တွင် အဆိုပါရောဂါပိုးများကို စွန့်ထုတ်တတ်သောကြောင့် ဖြစ်ပါသည်။

 

ရောဂါဖြစ်စေသောအကြောင်းအရင်း

အထက်တွင်ဆိုခဲ့သလို ပုံမှန်ဖြစ်စေတတ်သော ရောဂါပိုးများအပြင်း ရောဂါပိုးမွှားအမျိုးမျိုးလည်း ရှိနိုင်ပါသည်။

 

ကူးစက်ပုံ

- အခြားနည်းလမ်းများဖြင့် ကူးစက်နိုင်သော်လည်း များသောအားဖြင့် သားလျှောလိုက်သောတိရစ္ဆာန်အမထံမှ အရည်များအား စားမိခြင်းကြောင့် အခြားတစ်ကောင်သို့ ကူးစက်နိုင်ပါသည်။

- ရောဂါပိုးများသည် အပူချိန်နှင့် စိုထိုင်းဆတို့ပေါ်မူတည်၍ စားကျက်တွင်လည်း ရှိနေနိုင်ပါသည်။

- Toxoplasma ပိုးသည် ကြောင်၏မစင်ထဲတွင် ၄င်း၏ကပ်ပါး ပိုး oocysts များပါဝင်နေနိုင်သဖြင့် ၄င်းကိုစားမိပါက ကူးစက်နိုင်ပါ သည်။

- Brucella ovis ပိုးသည် သားတင်သားစပ်ရာမှလည်း ကူးစက်နိုင်ပါသည်။

- Cordelia ပိုးသည် အသက်ရှူလမ်းကြောင်းမှတဆင့် ကူးစက်နိုင်ပြီး Campylobacter ပိုးသည် မစင်ထဲတွင်ရှိနေရာမှ အစားအသောက်ထဲသို့ရောက်ရှိကာ ကူးစက်နိုင်ပါသည်။

ရောဂါလက္ခဏာများ

           သားလျှောခြင်းကိုတွေ့ရသော်လည်း တခါတရံ သားမလျှောပဲ မွေးလာသည့်တိရစ္ဆာန်ငယ်လေးများသည် အားနည်းခြင်း၊ ကြီးထွားမှုမရှိခြင်း စသည့်အခြေအနေမျိုးလည်း တွေ့ရှိနိုင်ပါသည်။

ရောဂါအားစစ်ဆေးခြင်း

             အချင်းနှင့်ကလေးအသေကို တစ်ရှူးစစ်ဆေးမှု ပြုလုပ်ခြင်းနှင့် ဘက်တီးရီးယားပိုးပျိုးစမ်းသပ်မှုများအား ဆောင်ရွက်နိုင်ပါသည်။သားလျှောချိန်နှင့် သားလျှောပြီး ၁-၂ ပတ်ခန့်တွင် သွေးရည်ကြည်အား စစ်ဆေးစမ်းသပ်နိုင်ပါသည်။သားလျှောခြင်းသည် ရောဂါကူးစက်ခံရပြီး လအတန် ကြာမှ ဖြစ်ပွားသဖြင့် သွေးရည်ကြည်အတွင်းရှိ ပဋိပစ္စည်းပမာဏမှာ ကျဆင်းနေပြီဖြစ်ပါသည်။

 

ကာကွယ်ခြင်း

          အချို့ရောဂါများအတွက် သိုး၊ဆိတ်များကို ကာကွယ်ဆေး ထိုးနှံထားနိုင်ပါသည် ။ မိမိခြံရှိ တိရစ္ဆာန်များအား အခြားတိရစ္ဆာန်များနှင့် မရောနှောစေရန် ဂရုပြုရပါမည်။

 

ကုသခြင်း

         ခြံတွင် သားလျှောနေသည်ကို တွေ့ရှိပါက ကိုယ်ဝန်ဆောင် သိုး၊ဆိတ်အမအားလုံးကို Oxytetracycline (သို့မဟုတ်)Chlortetracycline ဖြင့် မွေးဖွားချိန်အထိ နေ့စဥ် ကုသပေးခြင်းဖြင့် ကူးစက်ခြင်းကိုရှောင်ရှားနိုင်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်