လာမည့်ဘဏ္ဍာနှစ်တွင် ပို့ကုန်ငွေ ကန်ဒေါ်လာ သန်း ၃၀ ရရှိအောင် ဆောင်ရွက်မည်

07/01/2020 14:05 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရန်ကုန်၊ ဇန်နဝါရီ ၃ ရက်။ 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၁ သိန်း တင်ပို့ရန် လျာထားပြီး ပို့ကုန်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၀ ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမီတက် (MAPCO) မှ သိရသည်။ 

MAPCO အနေဖြင့် ပြည်ပသို့ ဆန်တင်ပို့ရောင်ချခြင်းကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး‌ ‌ငွေလဲနှုန်းအခြေအနေနှင့် ပြည်ပဈေးကွက် ဝယ်လိုအား‌ ကောင်းမွန်မှုတို့ကြောင့် ပြည်ပဆန်တင်ပို့မှုမှာ အကျိုးအမြတ်ရှိသော လုပ်ငန်းဖြစ်သဖြင့် ၂၀၁၉ နှစ်ဆန်းပိုင်းမှစတင်ကာ ပြည်ပဆန်တင်ပို့ရောင်းချခြင်းကို ပိုမိုဦးစားပေးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 

"၂၀၁၉ မီနီဘတ်ဂျက် ၆ လ ကာလအတွင်းမှာ ပို့ကုန်ငွေ ကန်ဒေါ်လာ ၁၂ ဘီလီယံကျော် ရရှိပါတယ်။ ကျွန်တော်တို့ အခုနှစ်မှာတော့ ကန်ဒေါ် လာ ဘီလီယံ ၃၀ အထိ ရအောင် ဆောင်ရွက်မယ်လို့ ရည်မှန်းချက်ထားပါတယ်။ တရုတ်နိုင်ငံ ကုမ္ပဏီနဲ့ လက်တွဲဆောင်ရွက်ဖို့ စာချုပ်လည်း ချုပ်ဆိုပြီး ဖြစ်ပါတယ်။" ဟု မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမီတက်၏ ဥက္ကဌ ဦးချစ်ခိုင်က ပြောသည်။ 

မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမီတက် (MAPCO) မှ ဆန်စပါးအပြင် အခြားလယ်ယာသီးနှံများကိုလည်း ပြည်ပတင်ပို့ရောင်းချနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ 

MAPCO မှ ရင်းနှီးမြှုပ်နှံတည်ဆောက်ထားသော နေပြည်တော်ဆန်စက်၊ ကျိုက်လက် ဆန်စက်တို့အပြင် တည်ဆောက်ဆဲဖြစ်သော တွံတေးဆန်စက်၊ လှိုင်သာယာဆန်စက်တို့မှလည်း ဆန်တင်ပို့မှုကို အထောက်အကူဖြစ်နိုင်သောကြောင့် ယင်းဆန်စက်တို့ကို ဗဟိုပြု၍ ပြည်ပဆန်တင်ပို့မှုလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တို့တွင် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

MOPCA မှ ပြည်ပဆန်တင်ပို့ရောင်းချရာတွင် အာဖရိကနှင့် တရုတ်နိုင်ငံကို တင်ပို့လျက်ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၃၀၀၀၀ ကျော်၊ တင်ပို့မှုပမာဏ အမေရိကန်ဒေါ်လာ ၁၀ သန်းရရှိခဲ့ကြောင်း သိရသည်။ 

အေးအေးမြင့်(ABM)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်