အိမ်မှာတင် အလွယ်တကူလုပ်နိုင်မယ့် တဆေးလုပ်နည်း (၃ နည်း)

27/04/2022 13:00 PM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

 

တဆေးဆိုတာ ဆဲလ်တစ်လုံးထဲသာပါတဲ့ မှိုတစ်မျိုးဖြစ်ပြီး ဘီယာ၊ ဝိုင်တွေချက်လုပ်တဲ့လုပ်ငန်း အပြင် ပေါင်မုန့်လုပ်တဲ့ နေရာမှာလည်း အသုံးပြုကြတဲ့ အချဉ်ဖောက် အရည်တစ်မျိုးပဲ ဖြစ်ပါတယ်။ ထိုမျှသာမကဘဲ တဆေးဟာဆိုရင် ပိုးမွှားတွေကို နှိမ်နင်းနိုင်တဲ့ အစွမ်းအပြင် မြေဩဇာတွေ အမြန်ဆွေးမြေ့နိုင်စေတဲ့ သတ္တိလည်းရှိပါတယ်။ ဒီလိုအကျိုးတွေရှိတဲ့ တဆေးကို ဝယ်ဖို့မလွယ်ဖြစ်နေတဲ့ ဦးကြီးတို့အတွက် အိမ်မှာပဲ အလွယ်လုပ်လို့ရမယ့် တဆေးလုပ်နည်း (၃) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

နည်းလမ်း(၁)

အသီးအနှံတစ်မျိုးမျိုးနဲ့ပြုလုပ်နည်း

ပါဝင်သောပစ္စည်းများ

- ပိုးသတ်ထားသော အဖုံးပါဖန်ပုလင်း

- ရေ ( ပိုက်ခေါင်းမှရေကိုအသုံးပြုနိုင်ပါတယ်။ တကယ်လို့ ဦးကြီးတို့ အသုံးပြုတဲ့ ရေဟာ ကလိုရင်းဓာတ်များရင်တော့ တဆေးကိုသေစေနိုင်တာ သတိထားသင့်ပါတယ်။)

- သန့်ရှင်းသောဆန်ကာ

- စပျစ်သီးခြောက် သို့မဟုတ် အခြားသီးနှံ(အသုံးပြုတဲ့ သီးနှံရဲ့ အခွံမှာ ဖယောင်းသုတ်ထား၍မရပါ။)

 

ပြုလုပ်နည်း

 

(၁) စပျစ်သီးခြောက် ၃ ဇွန်းမှ ၄ ဇွန်းကို ပိုးသတ်ထားသော ဖန်ပုလင်းထဲသို့ ထည့်ပါ။ ပြီးရင် အချဉ်ဖောက်ခြင်း ဖြစ်စဉ်ကို ကူညီပေးနိုင်ဖို့အတွက် သကြား (သို့) ပျားရည် တစ်ဇွန်းလောက်ကို ထပ်ထည့်ပေးရပါမယ်။

(၂) ဖန်ပုလင်းရဲ့ ၄ ပုံ ၃ ပုံလောက်ထိ ရေကိုဖြည့်ပေးပြီး အဖုံးဖုံးထားရပါမယ်။ အဖုံးဖုံးတဲ့အခါ လေဝင်လေထွက် ကောင်းမွန်စေဖို့အတွက် တင်းတင်းကြပ်ကြပ် ပိတ်မထားရပါဘူး။

(၃) ဖန်ပုလင်းကို အေးခဲသောနေရာတွင်မထားရပါဘူး။ အခန်းအပူချိန်မှာပဲထားပြီး တစ်နေ့ကို သုံး၊ လေးကြိမ်လောက် မွှေပေးနေရပါမယ်။

(၄) ဖန်ပုလင်းထိပ်တွင်ပူစီပေါင်းလေးများပေါ်လာပြီး ဝိုင်နဲ့တူတဲ့ အချဉ်ဖောက်အနံ့ရပြီဆိုပါက တဆေးရနေပြီလို့ဆိုနိုင်ပါတယ်။

(၅) စပျစ်သီးခြောက်တွေက အပေါ်မှာ ပေါလောပေါ်နေပြီး အဖြူရောင်အလွှာလေးတွေ နေရာအနှံ့ရှိနေရင်တော့ တဆေးရပြီ။ ရာသီဥတုပူတဲ့ အချိန်မှာဆို ၃ ရက်လောက်နဲ့ ရနိုင်ပြီး အေးတဲ့အချိန်ဆို ၇ ရက်လောက်ထိ ကြာနိုင်ပါတယ်။

 

 

နည်းလမ်း(၂)

စပါးစေ့၊ ဂျုံစေ့၊ ပြောင်းစေ့တွေနဲ့ပြုလုပ်နည်း

ပါဝင်ပစ္စည်းများ

- အရောင်မချွတ်ထားတဲ့ ဂျုံမှုန့်  (ခွက်ရဲ့  ၄ ပုံ ၁ပုံ ထိထည့်ပါ )

- သန့်စင်ထားတဲ့ ရေနွေး ၁ ခွက်

- ပိုးသတ်ထားတဲ့ အဖုံးပါဖန်ဘူး ၁ ဘူး

 

ပြုလုပ်နည်း 

 ဂျုံမှုန့်နဲ့ ရေနွေးကိုရောပြီး ဖန်ဘူးထဲထည့်ထားပါ။ အခန်းတွင်းအပူချိန်မှာပဲထားပြီး ရက် အနည်းငယ် ကြာရင် ပူဖောင်းကဲ့သို့ အမြှုပ်တွေထနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အသုံးမပြုသေးခင် အချိန်ထိ ရေခဲသေတ္တာထဲမှာ သိမ်းထားနိုင်ပါတယ်။

 

 

နည်းလမ်း(၃)

အာလူးဖြင့်တဆေးပြုလုပ်နည်း

ချက်စားနေကျ အာလူးထဲမှာပါဝင်တဲ့ ကဆီဓာတ်ကနေလည်း တဆေးကို ထုတ်ယူနိုင်ပါတယ်။

ပါဝင်သောပစ္စည်းများ

အခွံခွာထားတဲ့ အာလူးအလတ်စား ၁လုံး

ရေနွေး ၄ ခွက်

ဆား ၁ ဇွန်း

သကြား ၁ ဇွန်း

ဖန်ဘူး ၁ဘူး

 

ပြုလုပ်နည်း

 

(၁) အာလူးရဲ့ အညစ်အကြေးတွေဖယ်ရှားဖို့အတွက် ရေနဲ့ဆေးကြောရမှာ ဖြစ်ပါတယ်။

(တအားကြီး ပွတ်ဆေးတာမျိုးတော့ မပြုလုပ်ရ)

(၂) ပြီးရင် အာလူးကို အတုံးတုံးလေးတွေလှီးပြီး ပြုတ်ရပါ့မယ်။ ကြိတ်ချေလို့ရအောင် ရေဆူပွက် လာပြီဆိုရင် ဆယ်ယူလိုက်ပြီး ဆားနဲ့ သကြားကို ထည့်ကာ ချေရပါ့မယ်။

(၃) ထုချေထားတဲ့ အာလူးတွေကို ဖန်ဘူးထဲကိုထည့်ပြီး ရေကိုလည်း ဆတူထည့်ပေးရပါမယ်။

(၄) အဲ့ဒီနောက်မှာတော့ အပေါ်ကလိုပဲ အခန်းအတွင်းအပူချိန်မှာ ထားပြီးပုံမှန်အတိုင်း ရက်အတော်ကြာ အောင် ထားရမှာဖြစ်ပါတယ်။

 

ရလာတဲ့ အမြုပ်အရည်တွေကို အဖတ်တွေမပါအောင် စစ်ထုတ်ပြီး ဂျုံမှုန့် တစ်ဇွန်း စစ်ထုတ်ရည် တစ်ဇွန်း ဆတူထည့်ပြီး ဦးကြီးတို့အလိုရှိတဲ့ နေရာမှာ အသုံးပြုနိုင်ကြပါပြီရှင့်။ ကဲ ဒါဆို ဦးကြီးတို့ အိမ်မှာ အလွယ်တကူလုပ်နိုင်တဲ့ တဆေး ရပြီပေါ့နော်။

တဆေးရဲ့ အသုံးဝင်ပုံကို ဒီဆောင်းပါးလေးမှာဖတ်ရှု့လို့ရပါတယ်

တဆေးရဲ့ အသုံးဝင်ပုံ ၁၃ ချက်

 

Ref: https://thesurvivalmom.com/august-skill-of-the-month-make-your-own-yeast/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်