မန်ကိုဇက်နှင့် တွဲဖက်အသုံးပြုနိုင်သော မှိုသတ်ဆေး ၄ မျိုး

04/07/2025 11:09 AM တွင် သော်ဇင် သော်ဇင် မှ ရေးသား

မန်ကိုဇက်သည် သီးနှံမျိုးစုံမှာ ထိသေအာနိသင်ရှိသော မှိုရောဂါအများစုကာကွယ်နိုင်ရန် ပက်ဖျန်းအသုံးပြုကြသည်။ 

မိုးသည်းထန်စွာရွာပြီးချိန် (သို့) စိုက်ခင်းအစိုဓာတ်များနေချိန်တွင် မှိုရောဂါကာကွယ်ရန်အတွက် (၇-၁၄)ရက်ခြား ပက်ဖျန်းအသုံးပြုနိုင်သည်။ Multi-Site Action ရှိသဖြင့် ဆေးယဉ်ပါးမှုဖြစ်နိုင်ခြေ လျော့နည်းစေသည်။ ပင်လုံးပျံ့မှိုသတ်ဆေးမဟုတ်တာကြောင့် ဆေးဖျန်းပက်ရာတွင် နှံ့စပ်အောင်ပက်ဖျန်းပေးရန်လိုအပ်ပါသည်။ သီးနှံစုံတွင်ကျရောက်တတ်သော မျိုးစေ့ဆောင်ရောဂါများကို ကာကွယ်ရန်အတွက် မျိုးစေ့လူးနယ်ဆေးအဖြစ်အသုံးပြုနိုင်သည်။ မြေဆီလွှာသည် အက်ဆစ်ဆန်သော အခြေအနေ(pH 5-6)တွင် ဆေးအာနိသင်ထိရောက်မှုအကောင်းဆုံးဖြစ်သည်။ အပူချိန်နိမ့်ပြီး မနက်စောစော လေထုစိုထိုင်းဆများနေချိန်တွင်ဖျန်း‌ပက်ပေးပါကဆေးအာနိသင်အထိရောက်ဆုံးဖြစ်သည်။ လေပြင်းတိုက်ခတ်‌နေချိန်နှင့် ပတ်ဝန်းကျင်လေထုစိုထိုင်းစနည်းပြီး အပူချိန်မြင့်နေသောအချိန်တွင်ဖျန်းပက်ခြင်းကို ရှောင်ကြဥ်ရမည်။ စိုက်ခင်းအားနေရောင်ခြည်တိုက်ရိုက်ကျရောက်နေသောအချိန်တွင်လုံးဝမဖျန်းပက်ရပါ။ ဆေးဖျန်းပြီး အနည်းဆုံး၈နာရီမိုးလွတ်ရမည်။၂၄နာရီ မိုးလွတ်ပါက ဆေးအာနိသင်ထိရောက်မှု အ‌ကောင်းဆုံးဖြစ်သည်။

မှိုဆေးရောစပ်ရာတွင် မန်ကိုဇက်မှိုသတ်ဆေးကို အာနိသင်မြှင့်တင်ပေးနိုင်စွမ်းရှိသော မိတ်ဖက် မှိုသတ်ဆေး ၄ တွဲအကြောင်းကို‌ ရေးသားဖော်ပြပေးလိုက်ပါသည်။

၁။ မန်ကိုဇက်+ မက်တယ်လ်ဇီး

ဤ နှစ်ခုကို တွဲသုံးလျှင် မက်တယ်လ်ဇီးသည် ပင်လုံးပြန့်အာနိသင်ရှိပြီးနှစ်ခုစလုံးကအက်စစ်ပုံစံမှာ စွမ်းဆောင်ရည်မြင့်မားကျတာကြောင့် ရောဂါကာကွယ်/ကုသ ရာမှာ တော်တော်လေးထိရောက်မှုရှိတာကိုတွေ့ရပါတယ်။ ရောဂါကိုအမြစ်ပြတ်သုတ်သင်နိုင်စွမ်းတော့မရှိပါဘူး။ ဒေါင်းနီးရွက်ခြောက်(DownyMildew)ရောဂါနှင့် ဖိုင်သော်သရာပင်နာကျ(Phytophthora)ရောဂါတွေကို ကာကွယ်/ကုသ ရာမှာထိရောက်ပါသည်။

၂။ မန်ကိုဇက် + ဆိုင်မောက်စ်နေးလ်

ဆိုင်မောက်စ်နေးလ်(Cymoxanil) က ပင်လုံးပြန့်အာနိသင်ရှိပြီး အရွက်မျက်နှာပြင်အထက်အောက်ပျံ့နှံ့နိုင်စွမ်းရှိတာကြောင့် ရောဂါကုသ/အမြစ်ပြတ်သုတ်သင်နိုင်စွမ်းရှိပါသည်။ နှောင်းပင်နာကျရောဂါကို အမြစ်ပြတ်ကာကွယ်ကုသနိုင်ရန်အတွက် ဆေးအတွဲအဖြစ်အသုံးပြုကြပါသည်။

၂။ မန်ကိုဇက် + ဒိုင်မီသိုမော့

ဒိုင်မီသိုမော့(Dimethomorph) က ပင်လုံးပြန့်အာနိသင်ရှိပြီး မန်ကိုဇက်နှင့်‌ ရောစပ်အသုံးပြမည်ဆိုလျှင် ဖိုင်သော်သရာ ပင်နာကျလိုရောဂါမျိုးကိုဆန့်ကျင်တိုက်ခိုက်ရာမှာ အကောင်းဆုံးတိုက်ခိုက်နိုင်အောင် စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်စွမ်း ရှိပါသည်။

၄။ မန်ကိုဇက် + ကာဗင်ဒါဇင်

ကာဗင်ဒါဇင်(Carbendazim) က ပင်လုံးပြန့်အာနိသင်ရှိသော မှိုရောဂါ ကာကွယ်/ကုသနိုင်စွမ်းရှိပြီး အမြစ်ပြတ်သုတ်သင်နိုင်စွမ်းမရှိပါဘူး။

နှစ်မျိုးကိုရောစပ်အသုံးပြုခြင်းအားဖြင့် မှိုရောဂါအမျိုးမျိုးကို ထိသေအာနိသင်နှင့် ပင်လုံးပြန့်အာနိသင်နှစ်မျိုးဖြင့် ကာကွယ်ကုသနိုင်စွမ်းမြင့်မားကြပါသည်။ အထူးသတိပြုရန်မှာ ဆေးရောစပ်ရာတွင် မိမိရောစပ်မည့်ဆေးများအကြောင်းကောင်းစွာနားလည်မှသာ မိမိကိုယ်တိုင်ရောစပ် သုံးစွဲသင့်သည်။ အသင့်ရောစပ်ပြီးသော မှိုဆေးများကို သုံးစွဲနိုင်လျှင်စိုက်ခင်းအတွက်ပိုမိုစိတ်ချရမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်