မြန်မာ့နာနတ်သီးစျေးနှုန်း တည်ငြိမ်နေ

17/12/2019 11:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။
မြန်မာ့နာနတ်သီးစျေးနှုန်းတည်ငြိမ်နေ
 
ယခုလအတွင်း မြန်မာ့နာနတ်သီးစျေးနှုန်းများမှာ တည်ငြိမ်နေကြောင်း မြန်မာနာနတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ ပြည်တွင်းစျေးကွက်မှာ နာနတ်သီးစျေးနှုန်းများမှာ ရာသီချိန်မဟုတ်တော့တာကြောင့် စျေးကွက်အေးနေတယ်လို့ မြန်မာနာနတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ
အသင်းမှ သိရပါတယ်။
 
“ အခုက ရာသီချိန်မဟုတ်တော့ဘူး။ နာနတ်သီးက ပြည်တွင်းမှာတော့ ထွက်ရှိနေတယ်။ ရောင်းလည်း ရောင်းရပေမယ့် စျေးနှုန်းကျတော့ အေးနေတာပေါ့။ ပြီးတော့ တရုတ်နိုင်ငံကိုလည်း တင်ပို့ရောင်းချနိုင်ဖို့အတွက် စီစဉ်နေပါတယ်”
 
မြန်မာနာနတ်သီးစျေးနှုန်းများမှာ ၁၅၀ ကျပ်မှ ၃၀၀ ကျပ်ဝန်းကျင်အထိစျေးနှုန်းအေးနေကြောင်း အဆိုပါ အသင်းမှသိရပါတယ်။ မြန်မာ့နာနတ်သီးကို ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ အများဆုံးစိုက်ပျိုးခဲ့တာဖြစ်ပြီး ပြည်ပစျေးကွက်များကိုလည်း တင်ပို့နိုင်ရန် စီစဉ်နေကြောင်း မြန်မာနာနတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။
 
တိုးတိုးခိုင်(ABM)

Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်