မိုးရာသီ ပန်းဈေးကွက်ပျက်ခြင်းမှ ကာကွယ်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန်လိုအပ်

20/06/2019 15:03 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မိုးရာသီ ပန်းဈေးကွက်ပျက်ခြင်းမှ ကာကွယ်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သင့်ကြောင်း ကိုယ်တိုင်စိုက်ပျိုးသူများက ပြောသည်။

ပန်းစိုက်ပျိုးရောင်းချနေသူများအနေဖြင့် နှစ်စဉ် မိုးရာသီရောက်တိုင်း အနယ်နယ်အရပ်ရပ်မှ ပွဲရုံများနှင့် ဈေးကြီးများသို့ တင်ပို့ရောင်းချနေသည့် ပန်းအမျိုးမျိုးတို့၏ ဈေးကွက်ပျက်ခြင်းဒဏ်ကို ကြုံတွေ့ရလေ့ရှိပြီး ထိုသို့မဖြစ်စေရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်နေခြင်းဖြစ်သည်။

“အဓိက ဆိုလိုချင်တာကတော့ မိုးတွင်းမှာ ပန်းစိုက်မယ်ဆိုရင် ပန်းပွင့်ချိန် ယာယီအမိုး လုပ်နိုင်ကြမယ်ဆိုရင် အကောင်းဆုံးပါပဲ။ အမိုးလုပ်နိုင်သလောက် တစ်နိုင်တပိုင် စိုက်ပျိုးကြမယ်ဆိုရင် အခုလို ဈေးကွက် ခဏခဏ မပျက်နိုင်ပါဘူး။ ပန်းခင်းအကျယ်ကြီး တစ်မျှော်တစ်ခေါ် စိုက်ပျိုးပြီး ရာသီဥတုဒဏ်ကို မကာကွယ်ပေးနိုင် မယုယပေးနိုင်ကြရင်ရင်တော့ အခုလိုအဖြစ်မျိုးနဲ့ စခန်းသွားနေကြရမှာပါပဲ” ဟု မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်မှ ပန်းစိုက်ပျိုး တင်ပို့ရောင်းချသူ မပန်းအိစံက ပြောသည်။

ပန်းစိုက်ပျိုးသူများအနေဖြင့် ယာယီအမိုးများ ပြုလုပ်၍ စိုက်ပျိုးပါက ကုန်ကျစရိတ်အနည်းငယ် ပိုလာနိုင်သော်လည်း ရာသီဥတုဒဏ်ကို အကာအကွယ်ပေးနိုင်မည့်အပြင် ဈေးကွက်ပျက်ခြင်းဒဏ်မှ လျော့နည်းသက်သာနိုင်မည်ဖြစ်ကြာင်း ဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။

မာလာ(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်