နွားငယ်ပြုစုစောင့်ရှောက်ခြင်း

13/08/2020 11:30 AM တွင် MDEP MDEP မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

    ဒါကတော့ မိတ္ထီလာမြို့၊ ပန်တော်ဆက်ကျေးရွာက တစ်နိုင်တစ်ပိုင်မွေးမြူထားတဲ့ နွားခြံလေးက အသက် (၃) လအရွယ် နွားကလေးဖြစ်ပါတယ်။ မိခင်က နွားကလေးမွေးပြီး ၆ ရက်မှာသေသွားခဲ့ပါတယ်။

?ဒါပေမယ့် ပိုင်ရှင်က နွားကလေးအတွက် တစ်ရက်ကို နွားနို့ ၃ ပိဿာ ဝယ်တိုက်ခဲ့ပါတယ်။ အခုချိန်မှာ နွားကလေးရဲ့ကိုယ်အလေးချိန်ဘယ်လောက်ရှိမယ်လို့ထင်ပါသလဲ။

ဟုတ်ကဲ့ အသက်(၃)လမှာ ၉၀ကီလိုဂရမ်ရှိနေပါပြီ။

မိခင်သေသွားပေမယ့်ဘယ်လိုပြုစုစောင့်ရှောက်ခဲ့ပါလိမ့်??

?တစ်ရက် နွားနို့ (၃)ပိဿာ

?အစာစိမ်းစိတ်ကြိုက်

?ရေအချိန်ပြည့်သောက်နိုင်အောင် ထားရှိပေးထားတယ်။

အစာနုကတော့ တစ်ရက်ကို (၅၀) သားခန့်စားနိုင်နေပါပြီ။

အခုချိန်မှာ သားခွဲရန်(နို့ဖြတ်ဖို့) အဆင်သင့်ပါပဲခင်မျာ.....

နွားငယ် စနစ်တကျပြုစုစောင့်ရှောက်ခြင်းဖြင့် ရရှိနိုင်သော အကျိုးများကတော့...

၁) အရွယ်ရောက်စောပြီး အသက်နှစ်နှစ်အရွယ်တွင် ပထမသားကျမည်။ 

၂) အသားတင်အစာကျွေးထားရသောအချိန်တိုတောင်းပြီး စောလျင်စွာ ဝင်ငွေရရှိနိုင်မည်။

Source - MDEP


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်