၂၀၂၀ခုနှစ်တွင် COVID-19 ဗိုင်းရပ်စ်ပြဿနာ ပေါ်ပေါက်နေမှုကြောင့် စပျစ်ဈေးကွက်တွင်း အရောင်းအဝယ်မကောင်းကြောင်း တောင်သူများက ပြောသည်။
စပျစ်ကို ဈေးကွက်တင်ပို့ရောင်းချရာမှာ အဓိကကတော့ စံချိန်မီတဲ့ အရည်အသွေးကောင်းတဲ့ စပျစ်သီးဖြစ်ဖို့၊ ချိုတဲ့စပျစ်သီးဖြစ်ဖို့ပဲ လိုပါတယ်။ အခုလို COVID-19 ကျရောက်နေတဲ့ အချိန်ကာလမျိုးမှာတော့ အရောင်းအဝယ် နည်းနည်းအေးတော့ အရောင်းအဝယ် အာမခံချက်ရှိဖို့လေး လိုတာပေါ့။
ဟု မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းဒေသမှ စပျစ်စိုက်တောင်သူ ကိုမင်းဆက်ပိုင်က ပြောသည်။
ရမည်းသင်းမြို့နယ်မှ စိုက်ပျိုးထုတ်လုပ်သည့် စပျစ်သီးများကို ရန်ကုန်၊ မန္တလေး၊ မူဆယ်၊ မော်လမြိုင်၊ တောင်ကြီး၊ မကွေး အစရှိသည့် မြန်မာနိုင်ငံတွင်း ဒေသအသီးသီးကို ရောင်းချနေပြီး၊ ပွဲစားများမှ ခြံအရောက် ဝယ်ယူကြခြင်းဖြစ်သည်။
ဈေးကွက်ထိခိုက်မှု ရှိပါတယ်။ ဝယ်လက်တွေ လျော့နည်းနေတယ်။ ရန်ကုန်ဘက်က ဝယ်လိုအားလျော့သွားတယ်။ နယ်ဘက်တွေကတော့ ပုံမှန်လောက်ပဲ ဝယ်ယူနေကြတယ်။
ဟု မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ အလယ်ကုန်းအုပ်စု၊ ဆေးပုလဲကုန်းကျေးရွာမှ စပျစ်စိုက်တောင်သူ ကိုလှိုင်ထွန်းက ပြောသည်။
နန်းထက်ထက်ချစ်(ABM)
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more
Greenovator