ငရုတ်ပင်၏ အာဟာရချို့တဲ့မှု လက္ခဏာများ

17/12/2019 15:00 PM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဦးကြီးတို့စိုက်ထားတဲ့ ငရုတ်ပင်တွေမှာ ရောဂါကျတာလား၊ ပိုးကျတာလား၊ အာဟာရဓာတ် ချို့တဲ့တာလား ကွဲကွဲပြားပြားသိဖို့ လိုပါတယ်။ ဒါမှလည်း ကုသရာမှာ အနာနဲ့ဆေး ကွက်တိကျတော့မှာပေါ့။ အဲ့ဒါကြောင့် ငရုတ်ပင်မှာ အာဟာရဓာတ်ချို့တဲ့ရင် ဘယ်လိုလက္ခဏာတွေ  ပြသလဲဆိုတာ လေ့လာကြည့်ရအောင်လားဗျာ။

နိုက်ဒရိုဂျင်ဓာတ်ချို့တဲ့မှု လက္ခဏာ

- နိုက်ဒရိုဂျင်ဓာတ်ချို့တဲ့နေလျှင် အောက်ဘက်ရှိအရွက်များ အဝါရောင်ပြောင်းလာမယ်။

- ပြင်းထန်လာလျှင်တော့ အပင်ကြီးထွားမှု ရပ်တန့်သွားပါမယ်။

ဖော့စဖရပ် ချို့တဲ့မှုလက္ခဏာ

- အရွက်တွေရဲ့ အဖျားပိုင်းမှာ အနီဖျော့ရောင်သန်းလာပါမယ်။

- ချို့တဲ့မှုပြင်းထန်လျှင် အမြစ်ကြီးထွားမှု အားနည်းလာမယ်။

ပိုတက်စီယမ် ချို့တဲ့မှုလက္ခဏာ

- အောက်ဘက်ရွက်တွေ အစိမ်းရင့်ရောင်ပြောင်းလာပြီး ရွက်ကြောတွေက မီးလောင်နာဖြစ်လာမယ်။

- ချို့တဲ့မှုပြင်းထန်လာလျှင် အသီးကြီးထွားမှုနှေးပြီး အထွက်နှုန်းကိုထိခိုက်စေနိုင်ပါတယ်ဗျ။

ကယ်စီယမ်ချို့တဲ့မှုလက္ခဏာ

 

- အရွက်တွေအပေါ်ကို ကွေးလာပါမယ်။

- ကယ်ဆီယမ်ဓာတ်ချို့တဲ့မှု ပြင်းထန်လာလျှင် အဖူးထွက်နည်းပြီး ရွက်နုတွေကလည်း ပုံသဏ္ဍန်မမှန်တာတွေဖြစ်လာပါမယ်။

မဂ္ဂနီဆီယမ်ချို့တဲ့မှုလက္ခဏာ

- ရွက်ကြောတွေကြားမှာ အဝါရောင်ကွက်ကြားတွေ ဖြစ်လာပါမယ်ဗျ။

ဆာလ်ဖာချို့တဲ့မှုလက္ခဏာ

 

- အရွက်နုတွေက အဝါဖျော့ရောင်ပြောင်းလာမယ်။

ဘိုရွန်ချို့တဲ့မှုလက္ခဏာ

 

-အရွက်တွေ ပုံစံတူစွာပဲ အောက်ဘက်ကိုကွေးသွားပါမယ်။

သံဓာတ်ချို့တဲ့မှုလက္ခဏာ

 

- အရွက်များ အဖြူဖျော့ရောင်ပြောင်းလာပါမယ်။

- ပြင်းထန်လာလျှင် အသီးထွက်နှုန်းကို လျော့ကျစေပါတယ်။

ဒီလောက်ဆိုရင်တော့ ဉီးကြီးတို့လည်း ငရုတ်ပင်မှာ အာဟာရချို့တဲ့လျှင် ဖြစ်ပေါ်စေတဲ့ လက္ခဏာတွေကို သိရှိပြီး မှန်ကန်တဲ့ကုသမှုတွေ လုပ်ဆောင်နိုင်ကြပါစေဗျာ။

ထွန်းရာဇာ

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်