ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီဈေးများ ဆက်တိုက်ကျဆင်းနေ

14/09/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

 ယခုသီတင်းတစ်ပတ်အတွင်း ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီက ဆက်တိုက်ကို ဈေးကျလာနေပါတယ်။

အခုလိုမျိုးအကျဘက်ကိုသွားတာက ပြီးခဲ့တဲ့ဈေးကွက်အပိတ် သောကြာနေ့ကစလို့ အခုနေ့ (ကြာသပတေး) အထိပဲ ဖြစ်ပါတယ်။

ဘယ်လောက်တွေ ကျဆင်းနေလဲဆိုတာကတော့ အောက်ပါဇယားကွက်မှာ နှိုင်းယှဉ်သုံးသပ်နိုင်ပါတယ်။

ကြက်သွန်ဖြူကတော့ ယခုတစ်ပတ်အတွင်းဈေးကွက်အဖွင့် တနင်္လာနေ့ကစပြီး ယနေ့ (ကြာသပတေး) အထိ ဈေးအပြောင်းအလဲမရှိငြိမ်နေတာကို တွေ့ရပါတယ်။

ဈေးနှုန်းတွေကိုတော့ စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများအတိုင်း ပြန်လည်ဖော်ပြခြင်းပဲဖြစ်ပါတယ်။

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်