ကြက်အရှင်ဖမ်းဈေးကွက် ဆက်တိုက်မြင့်တက်နေ

14/07/2026 09:48 AM တွင် AMIA AMIA မှ ရေးသား

ပြည်တွင်းအသားတိုးကြက်အရှင်ဖမ်းဈေးနှုန်းသည် ယခုဇူလိုင်လပထမပတ်မှစ၍ ဈေးနှုန်းဆက်တိုက် ပြန်လည်မြင့်တက်လာကြောင်း ကြက်မွေးမြူရေးလုပ်ကိုင်သူများထံမှ သိရသည်။

လက်ရှိတွင် ကြက်မွေးမြူရေးခြံများ၌ ကြက်အသေးအရွယ်အစားများသာ များပြားနေပြီး ကြက်ကြီးရှားပါးနေသောကြောင့် ဈေးကွက်အတွင်းသို့ ကြက်ကြီးအဝင်နည်းကာ ဈေးနှုန်းဆက်တိုက် မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

"အစာဈေးတက်တာနဲ့ မွေးမြူရေးကုန်ကျစရိတ်တက်တာတွေကြောင့် ကြက်ဖမ်းဈေးက ကျပ် ၁၆,၀၀၀ ကနေ ၁၇,၀၀၀ ကြားရမှပဲ ခြံသမားတွေလည်း အဆင်ပြေကြမှာပါ။ ကြက်ဈေးတက်နေတာတော့ ဟုတ်တယ်။ အရင်ရက်ဈေးနဲ့ အခုဈေး ယှဉ်ရင်တော့ နည်းနည်းပြန်ကျတယ်" ဟု ကြက်မွေးမြူရေးလုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

ဇူလိုင် ၁၃ ရက်နေ့တွင် ဖြစ်ပေါ်သည့် ကြက်အရှင်ဖမ်းဈေးများမှာ မန္တလေး၊ ကျောက်ဆည်၊ မိတ္ထီလာ၊ တောင်ကြီး၊ စဉ့်ကိုင်၊ ကျောက်ပန်းတောင်း၊ မကွေး၊ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်းမြို့များတွင် တစ်ပိဿာလျှင် ကျပ် ၁၇,၀၀၀ မှ ကျပ် ၁၇,၅၀၀ အတွင်း ဈေးပေါက်နေကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး၊ ကျောက်မဲမြို့နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့များတွင်မူ ကြက်အရှင်ခြံဖမ်းဈေးမှာ တစ်ပိဿာလျှင် ကျပ် ၁၈,၀၀၀ မှ ကျပ် ၁၉,၀၀၀ အတွင်းရှိပြီး ဈေးတန်းအမြင့်ဆုံးဖြစ်ကြောင်း သိရသည်။

ကျန်ရှိသည့် မော်လမြိုင်၊ ဘားအံ၊ သထုံ၊ ကျိုက်ထိုမြို့များ၌မူ ကြက်အရှင်ခြံဖမ်းဈေးမှာ အခြားဒေသများထက် ဈေးရရှိမှုနည်းပါးပြီး တစ်ပိဿာလျှင် ကျပ် ၁၆,၁၀၀ မှ ကျပ် ၁၆,၈၀၀ ဝန်းကျင်သာ ရှိကြောင်း သိရသည်။

"ခြံဖမ်းဈေးက ဒီနေ့ နည်းနည်းပြန်ကျတာ တွေ့ရတယ်။ တောင်ကြီးဆိုရင် ကျပ် ၁,၀၀၀ ကနေ ၁,၅၀၀ လောက်ကျတယ်။ ဈေးကျတယ်ဆိုပေမဲ့လည်း အခုဖြစ်နေတဲ့ဈေးကတော့ အတက်ဈေးတန်းပါပဲ။ ကျောက်မဲဘက်တွေကတော့ အရင်ရက်ကဆိုရင် ကျပ် ၂၀,၀၀၀ ဈေးအထိ ရှိခဲ့တယ်" ဟု ကုန်သည်တစ်ဦးက ဆက်လက်ပြောကြားသည်။

ယခင်ဇွန်လကုန်ဝန်းကျင်တွင် ဒေသအလိုက် ဖြစ်ပေါ်ခဲ့သည့် ကြက်အရှင်ဖမ်းဈေးများမှာ မန္တလေး၊ ကျောက်ဆည်၊ မိတ္ထီလာ၊ တောင်ကြီး၊ စဉ့်ကိုင်၊ ကျောက်ပန်းတောင်း၊ မကွေး၊ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်းမြို့များတွင် တစ်ပိဿာလျှင် ကျပ် ၁၃,၀၀၀ မှ ကျပ် ၁၅,၀၀၀ အတွင်းသာ ဈေးရရှိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး၊ ကျောက်မဲ၊ မိုးမိတ်နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့များတွင်လည်း ကြက်အရှင်ခြံဖမ်းဈေးမှာ တစ်ပိဿာလျှင် ကျပ် ၁၄,၀၀၀ အထက်မှ ကျပ် ၁၅,၀၀၀ အတွင်းသာ ဈေးတန်းရှိခဲ့ကြောင်း သိရသည်။

ကျန်ရှိသည့် မော်လမြိုင်၊ ဘားအံ၊ သထုံ၊ ကျိုက်ထိုမြို့များ၌မူ ကြက်အရှင်ခြံဖမ်းဈေးမှာ အခြားဒေသများထက် ဈေးရရှိမှုနည်းပါးပြီး တစ်ပိဿာလျှင် ကျပ် ၁၃,၆၀၀ မှ ကျပ် ၁၃,၉၀၀ ဝန်းကျင်သာ ရှိခဲ့ကြောင်း သိရသည်။

ကြက်အရှင်ခြံဖမ်းဈေး မြင့်တက်လာမှုနှင့်အတူ အသားဈေးကွက်တွင်လည်း ကြက်သားဈေး မြင့်တက်လာပြီး အရိုးလွတ်အသားသီးသန့် ဈေးနှုန်းသည် တစ်ပိဿာလျှင် ကျပ် ၃၀,၀၀၀ အထက်သို့ ရောက်ရှိလာကြောင်း သိရသည်။

ယင်းအပြင် ကြက်ဖမ်းဈေး မြင့်တက်လာသလို မွေးမြူရေးအစာဈေးနှုန်းနှင့် ကြက်သားပေါက်ဈေးနှုန်းလည်း မြင့်တက်လာကြောင်း သိရသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်