နှမ်းဈေးမကောင်းသဖြင့် တောင်သူများ တွက်ချေမကိုက်ဖြစ်နေ

04/06/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

နှမ်းဈေးကျဆင်းနေခြင်းကြောင့် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် တွက်ချေမကိုက် ဖြစ်နေရကြောင်း နှမ်းစိုက်တောင်သူများထံမှ သိရသည်။

မေလဆန်း နွေနှမ်းရိတ်သိမ်းချိန်တွင် နှမ်းဈေး ဆက်တိုက်ကျဆင်းနေပြီး ၁၅ ပိဿာဝင် နှမ်းတစ်တင်းလျှင် ကျပ် ၅၀၀၀၀ ဝန်းကျင်သာ ပေါက်ဈေးရရှိနေခြင်း ဖြစ်သည်။

၁၅ ပိဿာပါတဲ့ တစ်တင်းကို ၄၈၀၀၀ ကျပ်ပဲ ရတယ်။ ဒီ နှမ်းဈေးနဲ့ဆိုရင် မလွယ်ဘူး။ အရည်အသွေး အဆင့်မမီလို့ပဲလားတော့ မသိဘူး။ ဈေးကျသွားတယ်။ ပွဲရုံတိုင်းက မဝယ်သေးဘူး။ နွေနှမ်းတွေကလည်း စထွက်နေပြီလေ။ ဈေးကောင်း ဘယ်တော့ရမလဲ မမှန်းတတ်ဘူး။ ပေးသလောက်နဲ့ ရောင်းရမှာ။ ပေးသလောက်နဲ့ ဘာလို့ ရောင်းရသလဲ ဆိုတော့ နှမ်းရိတ်ခ၊ အလုပ်သမားခတွေ ရှင်းပေးရတော့မှာကြောင့်ပါ။

ဟု စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရေထွက်ကျေးရွာမှ နှမ်းစိုက်တောင်သူ ဦးလှဝင်းဆွေ က ပြောသည်။

၂၀၁၉ ခုနှစ်က နှမ်းတစ်တင်းလျှင် ကျပ် ၈၀၀၀၀ ကျော်အထိ ပေါက်ဈေးရရှိသဖြင့် ဈေးကောင်းရ၊ ကုန်ကျစရိတ် ကာမိခဲ့ကြောင်း သိရသည်။ 

နှမ်းက တစ်ဧကကို ၁၃ တင်းအောက်ခံ ထွက်တယ်။ မနှစ်ကဆို နှမ်းဈေးကောင်းခဲ့ပါ တယ်။ ဈေးကောင်းရမှလည်း အမြတ်ကျန်မှာလေ။ ဒီနေ့သွားရောင်းတာဆို တစ်တင်း လေးသောင်းပဲ ပေးလို့ မရောင်းပဲ ပြန်သယ်လာလိုက်တယ်။

ဟု နှမ်းစိုက်တောင်သူတစ်ဦး က ပြောသည်။

ထွန်ခုံငှားရခြင်း၊ နှမ်းမျိုး တစ်ပြည်လျှင် ရဝဝဝ ကျပ်ဖြင့် ဝယ်ယူရခြင်း၊ အလုပ်သမားခ (နေ့လည် ထမင်းကျွေးရသည့်အပြင်) တစ်နေ့ ၆ဝဝဝ ကျပ် ပေးငှားရခြင်း စသည့် ကုန်ကျစရိတ်များ ရှိသဖြင့် စုစုပေါင်း နှမ်းစိုက်ပျိုးစရိတ် တစ်ဧကကို (၂၅ဝဝဝဝ) ခန့် ကုန်ကျကြောင်း သိရသည်။

နန်းထက်ထက်ချစ်(ABM)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်