အဖူးကူးခြင်းနှင့် ကိုင်းဆက်ခြင်းကို အဟန့်အတားဖြစ်စေသော အချက်များ

01/10/2018 16:02 PM တွင် ရီဆွေအေး ရီဆွေအေး မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဒီနည်းလမ်းကို စေ့ရွက်စုံပင်အုပ်စုများနဲ့ ဂမီဆောင်ပင်အုပ်စုများမှာ အများဆုံးပြုလုပ်နိုင်ပါတယ်။ အောင်မြင်တဲ့ ကိုင်းကူး/ ကိုင်းဆက်ပင်တစ်ခု ဖြစ်ဖို့အတွက်ဆိုရင် အောက်ခံပင်ရဲ့ အစာရေကြောစည်းများပါတဲ့ အသားတိုးလွှားနဲ့ အပေါ်ကိုင်းရဲ့ အစာရေကြောစည်းပါတဲ့ အသားတိုးလွှာ နှစ်ခုတို့ဟာ တစ်နေရာရာမှာ အောင်မြင်စွာ တွဲဆက်သွားဖို့ လိုအပ်ပါတယ်။ စေ့ရွက်ထီးပင်များမှာတော့ အစာရေကြောစည်းမပါတဲ့အတွက် ကိုင်းကူးကိုင်းဆက်ပြုလုပ်ဖို့ မဖြစ်နိုင်လောက်အောင်ပါပဲ။ ဥပမာ ပြောင်းပင်၊ အုန်းပင်။

အဖူးမြှုပ်ခြင်းနဲ့ ကိုင်းကူးကိုင်းဆက်ခြင်းအောင်မြင်စေဖို့ အောက်ပါအချက်များကို သိထားရန် လိုအပ်ပါတယ်။

(က) ကလုန်းပင် အချင်းချင်း ကိုင်းဆက်ခြင်း(Grafting within a Clone) ။   ။ အောက်ခံပင်ရော အပေါ်ကိုင်းရောဟာ မိခင်ပင်တစ်ခုတည်းကနေ ရယူကိုင်းဆက်မယ်ဆိုရင် အောင်မြင်နိုင်ပါတယ်။ နိုင်ငံခြားနှင်းဆီပင်များမှာ လှပဝေဆာတဲ့ အပင်အဝန်းအဝိုင်းပုံစံရအောင် ဒီနည်းကို သုံးတာတွေ့နိုင်ပါတယ်။

(ခ) ကလုန်းပင်တစ်ခုနဲ့ တစ်ခုကိုင်းဆက်ခြင်း (Grafting between Clones with a species) ။   ။ တူညီတဲ့ မျိုးစိတ်တစ်ခုကနေ ရယူထားတဲ့ ကလုန်းပင်များကနေ ထွက်လာတဲ့ ကိုင်းများကို ဆက်ပေးနိုင်ပါတယ်။ သစ်သီးပင်များနဲ့ အခွံမာအက်ကွဲသီးပင်များမှာ လုပ်နိုင်ပါတယ်။

(ဂ) မျိုးစိတ်တူ-မျိုးနွယ်တူ အပင်ချင်း ကိုင်းဆက်ခြင်း(Grafting between Species within a Genus) ။   ။ ဒီနည်းလမ်းမှာ အချို့အပင်များမှာတော့ အောင်မြင်တတ်ပြီး အချို့လည်း မအောင်မြင်တာကို တွေ့ရတတ်ပါတယ်။ ရှောက်သံပုရာအုပ်စု၊ မက်မွန်သီးအုပ်စု၊ ဗန်ဒါပင်အုပ်စု၊ ဇီးသီးအုပ်စုများမှာ တွေ့နိုင်ပါတယ်။ အမြစ်ထွက်သန်တဲ့ ရှောက်သံပုရာမျိုးရင်းကို အောက်ခံပင် အဖြစ် စိုက်ပျိုးထားပြီး အပေါ်ကိုင်းကိုတော့ တန်ဖိုးရှိပြီး လှပရှားပါးတဲ့ လိမ္မော်မျိုး၊ ကျွဲကောမျိုးများကို စိုက်ပျိုးကြတာ တွေ့နိုင်ပါတယ်။

(ဃ) မျိုးရင်းတူ-မျိုးနွယ်တူ အပင်ချင်း ကိုင်းဆက်ခြင်း (Grafting between Genera within Family)။   ။ မြေဆောင်ရောဂါများ၊ မြေအောင်းပိုးမွှားများကို ခံနိုင်ရည်ရှိစေဖို့နဲ့ အခြားသော ပြင်းထန်သော ရာသီဒဏ်ကို ခံနိုင်ရည်ရှိစေဖို့ ငရုတ်၊ ခရမ်းချဉ်၊ ခရမ်း၊ အာလူးစတဲ့ အပင်များမှာ စီးပွားဖြစ် ကျယ်ကျယ်ပြန့်ပြန့်သုံးကြပါတယ်။ ရှောက်သံပုရာပင်များမှာလည်း အမြစ်ထွက်သန်ဖို့ ရည်ရွယ်ချက်နဲ့ ဒေသမျိုးကို အောက်ခံပင်အဖြစ်ထားကာ အဖိုးတန်မျိုးကို အပေါ်ကိုင်းအနေနဲ့ ထားရှိကာ ကိုင်းဆက်အောင်မြင်တာ တွေ့ရပါတယ်။

ရီဆွေအေး (၂၀၀၈ BAg)

   


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်