ပြုန်းတီးနေသော မြန်မာ့သစ်တောဧရိယာကို ပြန်လည်ကုစားနိုင်စေရန် မန်ဂျန်ရှားပင်များ တိုးချဲ့စိုက်ပျိုးသင့်

16/11/2020 10:45 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ပြုန်းတီးနေသော မြန်မာ့သစ်တောဧရိယာကို ပြန်လည်ကုစားနိုင်စေရန် မန်ဂျန်ရှားပင်များ တိုးချဲ့စိုက်ပျိုးသင့်ကြောင်း ဈေးကွက်ပိုင်းကျွမ်းကျင်သူများက ဆိုသည်။

မန်ဂျန်ရှားပင်က ကြီးမြန်ပင်ဖြစ်ပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအပြင် လေထုညစ်ညမ်းမှု လျော့ကျနိုင်စေကာ ရာသီဥတုကိုလည်း ထိန်းသိမ်းပေးနိုင်ပါတယ်။ ကာလတိုအတွင်းမှာ လိုအပ်နေသော သစ်ဈေးကွက်အတွက် အလှည့်ကျခုတ်စနစ်ဖြစ်ပြီး၊ ပြုန်းတီးနေသော မြန်မာသစ်တောဧရိယာကို ပြန်လည်ကုစားနိုင်အောင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာစေချင်ပါတယ်။ ဈေးကွက်အနေအထားအရမှာလည်း ပြည်တွင်းပြည်ပ လိုအပ်ချက်များပြားတာကြောင့် စီးပွားဖြစ်စိုက်ပျိုးဖို့ သင့်လျော်ပါတယ်။

ဟု ကြီးမြန်သစ်မာပင်များဖွံ့ဖြိုးတိုးတက်ရေးအသင်း ( FastGro)မှ အတွင်းရေးမှူး ဦးနေလွင်က ပြောသည်။

    စိုက်ပျိုးရာတွင် ပင်ကြားတန်းကြား အနေဖြင့် ၆x၆ ပေ / ၆x၉ ပေ / ၉x၉ ပေ စသဖြင့် စိုက်ပျိုးလေ့ရှိပြီး၊ အပင်ပျိုအရွယ်တွင် နေရောင်ခြည်ကို အလုံအလောက်ရရှိခဲ့ပါက ပေ (၄၀) မှ ပေ (၅၀) ကျော် အရွယ်အစားများအထိ အပင်ကြီးထွားမြင့်တက်နိုင်သည်။

စိုက်ပျိုးသင့်တဲ့ကာလအနေနဲ့တော့ ဒေသအလိုက် ကွဲပြားနိုင်ပါတယ်။ မိုးရွာသွန်းမှုကို မူတည်ပြီး မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာတော့ မေလကုန် ဇွန်လဆန်း မိုးရွာသွန်းပြီး စိုစွတ်မှုလုံလောက်မှ စတင် မြေချစိုက်ပျိုးသင့်ပါတယ်။ အလယ်ပိုင်းနဲ့ အပူပိုင်းဒေသတွေမှာတော့ မိုးနောက်ကျလေ့ရှိတာမို့ အစိုဓါတ်ကောင်းစွာရရှိသော ဇူလိုင်လကုန် ဩဂုတ်လလောက်မှာ စိုက်ပျိုးတာတွေ့ရပါတယ်။ မန်ဂျန်ရှားပင်က တကူးတက ရေလောင်းပေးဖို့မလိုအပ်တဲ့ အပင်အမျိုးအစားဖြစ်တယ်။ အရမ်းရေဝပ်တာကိုလည်း မကြိုက်ပါဘူး။ ပူပြင်းစိုစွတ်သော အရပ်ဒေသများမှာ ပိုမိုဖြစ်ထွန်းပါတယ်။

ဟု ၎င်းက ဆက်လက်ပြောသည်။

    စတင်စိုက်ပျိုးချိန်မှစပြီး (၃) နှစ် မှ (၅) နှစ်သားအရွယ်တွင် ပင်ကြပ်ခုတ်ရမည်ဖြစ်ပြီး ဈေးကွက်အတွင်းသို့ ပျော့ဖတ်၊ မျောတိုင်များအနေဖြင့် ရောင်းချကြကာ စိုက်ပျိုးပြီး (၁၀) နှစ် မှ (၁၂) နှစ် ကြားကာလတွင် ဈေးကွက်ဝင် စက်မှုကုန်ကြမ်းသစ်အနေဖြင့် ရောင်းချနိုင်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်