အောက်တိုဘာ (၅) ရက်နေ့ Su Su San ရဲ့ မိုးလေဝသ ခန့်မှန်းချက်များ စုစည်းမှု

05/10/2021 07:11 AM တွင် SU SU SAN (မိုးလေဝသပညာရှင်) SU SU SAN (မိုးလေဝသပညာရှင်) မှ ရေးသား

🕐 နေ့လည် ၁း၁၅ အချိန် ခန့်မှန်းချက်

ရှမ်းပြည်နယ်မှာ cold air mass အထက်လေအေးစီးကြောင်းဝင်ရောက်လာနေတဲ့အတွက် မိုးနဲ့အတူ မိုးသီးပါကြွေနိုင်ပါတယ်။

🕧 နေ့လည် ၁၂း၃၀ အချိန် ခန့်မှန်းချက်

ထိုင်းပင်လယ်ကွေ့အတွင်း Low pressure cell များစုဖွဲ့အားကောင်းလာနေပါတယ်။ အနောက်ဖက်သို့သွားမှာဖြစ်လို့ ထိုင်းတောင်ပိုင်း တနင်္သာရီတိုင်းတောင်ပိုင်း ကပ္ပလီပင်လယ်ပြင် တောင်ပိုင်း မိုးကြီးလေထန်နိုင်ပါတယ်။ ၂၀၂၁ အောက်တိုဘာလ ၆ရက်နေ့မှ ၁၀ ရက်နေ့အတွင်း ကပ္ပလီပင်လယ်ပြင်အတွင်းသို့ ငါးဖမ်းထွက်ခြင်း ခရီးသွားခြင်း လှေသင်္ဘောများ လုံးဝ လုံးဝ မလုပ်သင့်ပါဘူး။ ၎င်းနေ့ရက်များအတွင်း မြိတ်ကျွန်းစု ကော့သောင်ကျွန်းစုများ ဇာဇာနဲ့  ဇာတက်ကြီးကျွန်း လှိုင်းကြီးလေထန် မိုးကြီးမယ်။

 🕜 နံနက် ၆း၀၀ အချိန် ခန့်မှန်းချက်

ရွှေဘိုနယ်နှင့် သပိတ်ကျင်း စဉ့်ကူး မိုးကုတ်လည်း ရွာလာနိုင်တယ်နော်

🕜 နံနက် ၆း၀၀ အချိန် ခန့်မှန်းချက်

နောင်တရား၊ ကလော၊ အောင်ပန်၊ တောင်ကြီး၊ အင်းလေး၊ ညောင်ရွှေ၊ ရွှေညောင်၊ ဗထူးရပ်စောက်၊ ပင်းတယ၊ ရွာငံ၊ မြို့ကြီး၊ သံရွာ၊ ဟံမြင့်မိုလ်၊ ကျောက်ဆည်၊ မြစ်သား၊ တောင်သာ ၊ ရုံးစည်ကြီး၊ ပန်းအိုင်၊ မလှိုင်ဆည်တို၊ ပုပ္ပါး၊ စက်ထိန်း၊ ဝဲလောင်၊ ခဖံပင်ကွေး၊ ရှောက်တော၊ ကျောက်ကာ၊ ဝဲလောင်၊ ဆင်တဲ့ဝ၊ တစ်မိုက်သာ၊ မြင်းခြံ၊ နွားထိုးကြီး၊ တောင်ပင်လယ်ဆည်၊ စွန်းလွန်းဆည်၊ မြောက်ပင်လယ်ဆည်၊ နဘူးအိုင်၊ ငါန်းဇွန်၊ မြင်းမူ၊ အုန်းတော၊ ကျော်ဇေယျာ၊ ရွာသစ်ကြီး၊ စစ်ကိုင်း မင်းကွန်း၊ခိုတောင်၊ မန္တလေး၊ မြစ်ငယ်၊ မြို့သာ တံတားဦးကျောက်ဆည် ဆားတောင် လှတော၊ ဝက်လက်၊ ဟံလင်း၊ ကျောက်မြောင်း၊ ရွှေဘို၊ စဥ့်ကူး သပိတ်ကျင်း မိုးကုတ် မိုးမိတ် ပြင်ဦးလွင် နောက်၂၄နာရီအတွင်း မိုးတွေရွာမယ်လို့ ခန့်မှန်းပါတယ်။ 

🕜 နံနက် ၅း၀၀ အချိန် ခန့်မှန်းချက်

နွားထိုးကြီး တောင်ပင်လယ်ဆည် မြောက်ပင်လယ်ဆည် နဘူးအိုင် ငါန်းဇွန်း လျှပ်စီးမိုးကြိုးမိုး ရွာနိုင်ပါတယ်။ 

𝙎𝙐 𝙎𝙐 𝙎𝘼𝙉

    𝙎𝙀𝙉𝙄𝙊𝙍  

  𝙈𝙀𝙏𝙀𝙊𝙍𝙊𝙇𝙊𝙂𝙄𝙎𝙏

  𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧 &

    𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝙄𝙣𝙩𝙚𝙡𝙡𝙞𝙜𝙚𝙣𝙘𝙚 𝙊𝙛𝙛𝙞𝙘𝙚𝙧


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်