မြန်မာ့ငရုတ် ပြည်ပတင်ပို့မှုရပ်တန့်နေ

18/10/2019 11:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   ယခုလအတွင်း မြန်မာ့ငရုတ် ပြည်ပတင်ပို့မှုမှာရပ်တန့်နေကြောင်း ငရုတ်သီးစျေးကွက်နှင့်နည်းပညာဖွံ့ ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။

   မြန်မာ့ငရုတ်အရည်အသွေးများကြောင့် ပြည်ပတင်ပို့မှု ရပ်တန့်ထားတာဖြစ်တယ်လို့ ငရုတ်သီးစျေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဌ ဒေါ်ဥမ္မာကျော်က ပြောပါတယ်။

   “ငရုတ်သီးတင်ပို့မှုက ခေတ္တရပ်တန့်နေတယ်။ အရည်အသွေးတွေက အခုလက်ရှိမှာ ညံ့နေသေးတော့ တင်ပို့လို့အဆင်မပြေတဲ့အတွက် ရပ်နားထားတာပါ။ အခုဧရာဝတီဘက်မှာတော့ နောက်နှစ်မှာ တင်ပို့ဖို့အတွက်ကို ပြင်ဆင်နေပါပြီ”

   ယခုနှစ်အတွင်း မြန်မာ့ငရုတ်ကို ဗီယက်နမ်နိုင်ငံမှာ လာရောက်ဝယ်ယူနေတာဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာလည်း တင်ပို့သွားနိုင်ရန်စီစဉ်နေကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

   မြန်မာ့ငရုတ်ကို အထက်ပိုင်းဒေသများဖြစ်တဲ့ ကျောက်ဆည်နဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးနေတာဖြစ်ကြောင်းလည်း ငရုတ်စျေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်