မိုးနှောင်းကာလ ကြိုတင်ခန့်မှန်းချက်

21/08/2024 08:57 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

စက်တင်ဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၁၀ ရက်သည် မိုးနှောင်းကာလဖြစ်ပါတယ်။ မိုးနှောင်းကာလအစ စက်တင်ဘာလ လဆန်းပိုင်းက စ ပြီး ဘင်္ဂလားပင်လယ်အော်၊ အာရေဗျပင်လယ်နဲ့ တောင်တရုတ်ပင်လယ်တွေမှာ မုန်တိုင်းများဖြစ်လာနိုင်ပြီး မြန်မာနိုင်ငံမှာ မိုးများနိုင်တဲ့အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမယ်။

ECMWF model ရဲ့ စက်တင်ဘာလမိုးရွာသွန်းနိုင်ချေ ကြိုတင်ခန့်မှန်းချက်များအရ - 

ကချင်ပြည်နယ် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတွေမှာ စက်တင်ဘာလအတွင်း ရွာသွန်းမြဲမိုးရေချိန်အထက် ၁ လက်မ မှ ၂ လက်မခန့်အထိ မိုးပိုမိုရွာသွန်းနိုင်ပြီး - ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသအချို့မှာတော့ နှစ်စဉ်ရွာသွန်းမြဲခန့်သာ မိုးရွာနိုင်ကြောင်းတွေ့ရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်