ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ နေရာကျဲကျဲ မိုးအနည်းငယ်ရွာနိုင်

17/12/2025 09:44 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ဒီဇင်ဘာ ၁၆ ရက် နံနက် ၂ နာရီ ၁၅ မိနစ်အချိန်ရရှိသည့်ဒေတာများအရ နောက်လာမည့် ၇၂ နာရီ(၃ ရက်အတွင်း) ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဖြတ် စတဲ့မြို့နယ်တွေမှာ မိုးအနည်းငယ်ရွာနိုင်ပါတယ်။ ရွာရန်ရာခိုင်နှုန်း ၄၅ % ရှိပြီး၊ ရွာနိုင်တဲ့ မိုးရေချိန်က ၁၀ မီလီမီတာ(၀.၄ လက်မခန့်)သာ ရှိနိုင်တာကြောင့် စိုးရိမ်ရတဲ့ မိုးရေချိန်ပမာဏမဟုတ်ပါ။

Rain-spot များအရဆိုရင်လဲ နေရာအနှံ့အပြားရွာနိုင်မှာမဟုတ်ပဲ နေရာကျဲကျဲသာရွာနိုင်ကြောင်းတွေ့ရပါတယ်။

ရှမ်းပြည်နယ်အတွက် ၄ ရက် ကြိုတင်ခန့်မှန်းချက်ကို ဒီမှာကြည့်နိုင်ပါတယ်။

https://www.mmweather.org/divisional-cities-weather/shan-state 

ကျန်တပြည်လုံးမှာ မိုးရွာနိုင်မည့်အခြေအနေမရှိပါ။

https://www.mmweather.org/divisional-cities-weather

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်ပါသည်။ 

 

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်