ဒီဇင်ဘာလကုန်ရက်များအထိ ဒေသအလိုက် အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်မဲ့ အခြေအနေအနည်းငယ်ဖြစ်ပေါ်နိုင်ချေရှိ

16/12/2024 09:19 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ဒီဇင်ဘာလ ၁၅ ရက် နေ့လယ် ၁ နာရီ ၅၅ မိနစ်အချိန်ရရှိသည့် ဒေတာများအရ

🔸 ဒီဇင်ဘာ ၁၆ ရက်၊ နံနက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း မြောက်လတ္တီတွဒ် ၁၀ ° နဲ့ ၇.၅ °ကြား၊ အရှေ့လောင်ဂျီတွဒ် ၈၅ ° နဲ့ ၈၇.၅ ° ကြားမှာ ဖြစ်လာနိုင်မဲ့ လေဖိအားနည်းရပ်ဝန်း(LPA)သည် အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းမှာ သိသာထင်ရှားတဲ့ လေဖိအားနည်းရပ်ဝန်း - Well Marked LPA တခု ဖြစ်လာနိုင်ကြောင်း ICON, NEMS-GLOBAL, ECMWF AI နဲ့ NOAA(GFS)မော်ဒယ်များက တပြေးညီ ကြိုတင်ခန့်မှန်းထားတာတွေ့ရပါတယ်။ 

🔸 အပြည်ပြည်ဆိုင်ရာ မုန်တိုင်းကြိုတင်ခန့်မှန်းရေးဌာနများမှ လက်ရှိအစပျိုးနေတဲ့ စောင့်ကြည့်ရမဲ့လေပွေလှိုင်းကို "INVEST-91B" အဖြစ် သတ်မှတ်ထားပြီး မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားနိုင်ခြင်းမရှိကြောင်း၊ အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူးပြည်နယ်ကမ်းခြေဘက်သို့သာ ဦးတည်ရွေ့လျားနိုင်မှာဖြစ်ကြောင်း ကနဦးလမ်းကြောင်းခန့်မှန်းထားကြပါတယ်။

🔸 အရှေ့မြောက်လေ(အရှေ့မြောက်မုတ်သုံ)အားကောင်းနေခြင်း၊ တောင်တရုတ်ပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အောင်တောင်ပိုင်း အီကွေတာတလျှောက်မှာ လေပွေလှိုင်းတွေဆက်တိုက်ဖြစ်ပေါ်နေခြင်းတို့ကြောင့် အခုလို လေဖိအားနည်းရပ်ဝန်းတွေ ၂၀၂၄ ခုနှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလ လကုန်ရက်များအထိ ဆက်လက်ဖြစ်ပေါ်နေနိုင်ပြီး မြန်မာပြည်ဘက်မှာ ဒေသအလိုက် အခါလွန်မိုး(အချိန်အခါမဟုတ်မိုး)ရွာသွန်းနိုင်မဲ့ အခြေအနေအနည်းငယ်ဖြစ်ပေါ်နိုင်ချေလဲ ဆက်လက်ရှိနေနိုင်ပါတယ်။ မိုးများနိုင်မှာမဟုတ်သော်လည်းနေရာကွက်ပြီး မိုးအသင့်အတင့်ရွာနိုင်ချေကတော့ ဆက်ရှိနေနိုင်ပါသေးတယ်။ (မိုးနည်းခြင်း/မိုးအသင့်အတင့်/မိုးများခြင်း စသည့် ဝေါဟာရများအတွက် အိန္ဒိယမိုးလေဝသဌာနမှ သတ်မှတ်ထားသည့် SOP ကို ကြည့်ပါ)

🔸 မြန်မာနိုင်ငံ ပြည်နယ်တိုင်းများမှ မြို့များ၏ ၄ ရက်အတွက် မိုးလေဝသအခြေအနေခန့်မှန်းကို ကြည့်ရန် link: https://www.mmweather.org/divisional-cities-weather

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်