အားပျော့တဲ့အစွန်းရောက်ရာသီဥတုဖြစ်စဉ် "လာနီညာ"ဖြစ်ပေါ်နေပြီး ၂၀၂၅ ခုနှစ်မှာ ဆိုးရွားတဲ့ သဘာဝဘေးများဖြစ်ပေါ်နိုင်ချေ လျော့ကျနိုင် ..

17/01/2025 13:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ℹ️ အမေရိကန်အခြေစိုက် NOAA ရဲ့ Climate NOAA NWS Climate Prediction Center(CPC) က ၂၀၂၄ ဒီဇင်ဘာလမှာ တိုင်းတာရရှိခဲ့တဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်အခြေအနေတွေအရ အားပျော့တဲ့ အစွန်းရောက်ရာသီဥတုဖြစ်စဉ်- "လာနီညာ"ဖြစ်ပေါ်နေပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလအထိ ဆက်လက်ဖြစ်ပေါ်နေနိုင်ချေက ၅၉% ရှိနေကြောင်းသိရပါတယ်။

ℹ️ ENSO Neutral လို့ခေါ်တဲ့ အယ်လ်နီညိုမဟုတ်-လာနီညာမဟုတ် အစွန်းရောက်ရာသီဥတုအခြေအနေမှ ပုံမှန်ရာသီဥတုအခြေအနေပြန်လည်ဖြစ်ပေါ်လာနိုင်မှာကိုတော့ ၂၀၂၅ မတ်လ မှ မေလ အတွင်း ဖြစ်နိုင်ချေ ၆၀% ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ဒီခန့်မှန်းချက်ကို နားလည်လွယ်အောင်ပြောရရင် -

ℹ️ အစွန်းရောက်ရာသီဥတု လာနီညာကတော့ ဖြစ်နေပြီ၊ ပြင်းထန်တဲ့-အားကောင်းတဲ့ လာနီညာမဟုတ် - အားပျော့တဲ့ လာနီညာအဆင့်သာဖြစ်တယ်၊ ၂၀၂၅ ခုနှစ် ဧပြီလအထိ အားပျော့တဲ့ လာနီညာဆက်ပြီးဖြစ်နိုင်တာက ၅၉ %၊ အစွန်းရောက်ရာသီဥတုမှ ပုံမှန်ဖြစ်နိုင်ချေက ၆၀%(မတ်လ မှ မေလအတွင်း) လို့ တွေ့ရပါတယ်။ အချုပ်အားဖြင့် အားပျော့တဲ့ လာနီညာတော့ ဖြစ်နေပြီ၊ "ဆောင်းရာသီနဲ့နွေဦးရာသီကာလအတွင်း" ပုံမှန် မိုးလေဝသဖြစ်စဉ်များအပေါ် လာနီညာသက်ရောက်မှုက အနည်းငယ်သာရှိနိုင်မယ် လို့ ကောက်ချက်ချထားတာတွေ့ရပါတယ်။

ℹ️ ဒီကာလအတွင်း မြန်မာနိုင်ငံရဲ့ မိုးလေဝသဖြစ်စဉ်များသည်လည်း ပုံမှန်အတိုင်းသာရှိနိုင်မယ်၊ ဆောင်းရာသီရဲ့ အေးမြခြောက်သွ့ပြီးအပူချိန်ကျဆင်းတဲ့ရက်တွေက ရက်အနည်းငယ်သာအေးပြီး ပြန်ပူတဲ့အခြေအနေမျိုးမဟုတ်ဘဲ ရက်ရှည်(ဇန်နဝါရီ၊ ဖေဖေါ်ဝါရီနဲ့ မတ်လတွေအထိ)အေးနေနိုင်မယ်၊ နေ့အပူချိန်တွေကလဲ အယ်လ်နီညိုဖြစ်ခဲ့တဲ့ ၂၀၂၄ ခုနှစ်နွေရာသီကာလတုန်းကလို ပူပြင်းမှုလွန်ကဲတဲ့ပုံစံမျိုးမဟုတ် ပုံမှန်နွေရာသီအပူချိန်မျိုးသာဖြစ်နိုင်မယ်လို့ သုံးသပ်ရပါတယ်။

ဆက်လက်ပြီးသုံးသပ်ခန့်မှန်းနိုင်တာက -

ℹ️ ၂၀၂၅ ခုနှစ်မှာ သဘာဝဘေးတွေကြီးကြီးမားမားဖြစ်စေနိုင်မဲ့ ရာသီဥတုဖေါက်ပြန်ပြောင်းလဲမှုသည်လည်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်နဲ့ မတူ-လျော့ကျနိုင်မယ်လို့ သုံးသပ်ခန့်မှန်းရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်