ယနေ့ ညနေမှစ ဇူလိုင်လ ၁၀၊ ၁၁ နဲ့ ၁၂ ရက် များတွင် မိုးများနိုင်သော ဒေသများ

10/07/2025 15:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်းမြောက်ဘက်နှင့်အနောက်ဘက်ခြမ်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တွေမှာ "မိုးအသင့်အတင့်မှ မိုးများနိုင်"ပါမယ်။ (၂၄ နာရီ မိုးရေချိန် ၁ လက်မအထက်၊ ၅ လက်မအောက် ရရှိနိုင်) 

စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ မိုးအနည်းငယ်မှ အသင့်အတင့်ရွာနိုင်ပါမယ်။ (၂၄ နာရီမိုးရေချိန် ၁ လက်မအောက် ရရှိနိုင်)

စစ်တောင်းမြစ်ရေ ထပ်မံမြင့်တက်လာနိုင်ချေရှိတာကို သတိပြုစောင့်ကြည့်ကြရပါမယ်။

၄ ရက် မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက် ကြည့်ရန် - https://www.mmweather.org/divisional-cities-weather


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်