လာမည့်(၃)ရက်အတွင်း ဖြစ်ပေါ်လာနိုင်သော မိုးလေဝသအခြေအနေများ

23/07/2024 13:57 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ဇူလိုင် ၂၃ ရက် နံနက်ပိုင်း မြစ်ရေအခြေအနေသတင်းများ(မိုး/ဇလ)မှ တင်ပေးထားတဲ့ဇယားများအရ -

🔸 ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေများ မြစ်အထက်ပိုင်းဒေသတွေမှာ ဖြည်းဖြည်းချင်းကျဆင်းလာနေတာတွေ့ရပြီး သံလွင်၊ စစ်တောင်း၊ ရွှေကျင်၊ ပဲခူး၊ သောင်ရင်း၊ ငဝန်၊ ဘီးလင်း စတဲ့မြစ်တွေမှာတော့ မြန်မာပြည်အောက်ပိုင်းဒေသတွေ မိုးများလာတာကြောင့် တဖြည်းဖြည်းချင်းရေတိုးနေတာတွေ့ရပါတယ်။

🔸 ပခုက္ကူ၊ ညောင်ဦး၊ မင်းဘူး၊ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်၊ ငါးသိုင်းချောင်း၊ သာပေါင်း စတဲ့ မြို့များမှမြစ်ရေများကတော့ စိုးရိမ်ရေမှတ်အထက်မှာရှိနေဆဲဖြစ်ပြီး၊ ရေမျက်နှာပြင်ပြောင်းလဲမှုအခြေအနေက အများအားဖြင့် အတက်မှာရှိနေပါတယ်။ မြစ်အထက်ပိုင်းမှ ရေများသည်လည်း မြစ်အောက်ပိုင်းဒေသများကို ဆက်လက်စီးဆင်းနေဆဲဖြစ်ကြောင်းတွေ့ရပါမယ်။

နောက်လာမည့်(၃)ရက် - ဇူလိုင် ၂၃ ရက်မှ ၂၅ ရက်အတွင်း -

🔸 ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ်များမြစ်ဖျားခံရာ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ နေရာကွက်၍မိုးသည်းထန်နိုင်/မိုးများနိုင်ပြီး

🔸 မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာတော့ မိုးအသင့်အတင့်မှ မိုးအနည်းငယ်သာ ရွာနိုင်ချေရှိကြောင်း တွေ့ရပါတယ်။

🔸 မိုးများနိုင်တဲ့ ပြည်နယ်တိုင်းတွေမှာ ၃ ရက်အတွင်း မိုးရေချိန် ၂၀၀ မီလီမီတာနှင့်အထက် ၃ ရက်အတွင်း မိုးရေချိန် ၈ လက်မခန့်)အထိရွာသွန်းနိုင်ပြီး မိုးနည်းနိုင်မဲ့ပြည်နယ်တိုင်းတွေမှာတော့ ၃ ရက်အတွင်း မိုးရေချိန် ၅ မီလီမီတာ(၀.၁၉ လက်မ ခန့်)မှ ၅၀ မီလီမီတာ(၂ လက်မခန့်)အထိ ရွာသွန်းနိုင်ကြောင်းတွေ့ရပါတယ်။

အချုပ်အားဖြင့် မြစ်ရေများပြန်လည်ကျဆင်းနေပြီး ပင်လယ်ရေထရက်လဲကျော်လွန်တော့မှာမို့ ပထမရေကြီးကာလ ပြီးဆုံးမဲ့အချိန်တဖြည်းဖြည်းနီးကပ်လာချိန်မှာ -

🔸 အရှေ့ဘက်တောင်တရုတ်ပင်လယ်မှ တိုင်ဖွန်းမုန်တိုင်းများဖြစ်ပေါ်နေခြင်း၊ အနောက်တောင်မုတ်သုံလေ အားကောင်းနေဆဲဖြစ်ခြင်း၊ တနိုင်ံလုံးမိုးဆက်လက်ရွာနေနိုင်ပြီး မိုးသည်းထန်တဲ့နေရာတွေလဲ ရှိနေဦးမှာဖြစ်ခြင်းတို့ကြောင့် 

🔸 မိုးလယ်ကာလအတွင်း ပထမရေကြီးကာလသည် (ခန့်မှန်း - နောက် ၅ ရက်မှ ၆ ရက်ခန့်)အထိ မြစ်ရေကြီးနေတဲ့ ဒေသတွေမှာ ရေနဲ့ပတ်သက်သောသဘာဝဘေးများအန္တရာယ်များကို ဆက်လက်ရင်ဆိုင်ကြရဦးမှာဖြစ်ပါကြောင်း အသိပေးတင်ပြလိုက်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်