ယခုရက်ပိုင်း ပြည်နယ်တိုင်းအားလုံးမှာ နေ့စဉ် မိုးရွာနိုင်ချေဆက်လက်ရှိ

13/06/2024 15:30 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ဇွန်လ ၁၁ ရက် မွန်းတည့် ၁၂ နာရီမှာ - WINDY APP, METEOBLUE APP, GFS, GEFS, ECMWF, ECMWF AIFS, GEPS စတဲ့ သင်္ချာပုံစံပြုကြိုတင်ခန့်မှန်းမော်ဒယ်အားလုံးမှာတွေ့ရတဲ့ အချက်အလက်များအရ -

ဇွန်လ ၂၇ ရက်အထိ အာရေဗျပင်လယ်၊ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်တွေမှာ အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းတဲ့အခြေအနေ ဆက်လက်ဖြစ်ပေါ်နေပြီး လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းဖြစ်နိုင်တဲ့ အခြေအနေများမရှိကြောင်း တွေ့ရပါတယ်။

 သို့ပေမဲ့လည်း ဒီအခြေအနေကြောင့် ပြည်နယ်တိုင်းအားလုံးမှာ နေ့စဉ် မိုးရွာနိုင်ချေဆက်လက်ရှိနေမှာဖြစ်ပြီး အလယ်ပိုင်းဒေသအချို့မှာတော့ မုတ်သုံမိုးလျော့နည်းနေနိုင်ပါသေးတယ်။

မုတ်သုံအားကောင်းရာမှ အားအလွန်ကောင်းနေချိန်အတွင်း ကုန်းတွင်းဒေသတွေမှာ တောင်-အနောက်တောင်အရပ်မှ လေတိုက်နှုန်း တနာရီ ၁၀ မိုင်မှ ၂၅ မိုင်ခန့်အထိ တိုက်ခတ်တာလဲ ဆက်လက်ဖြစ်ပေါ်နေပါမယ်။

ရခိုင်ကမ်းရိုးတန်းကမ်းနီးပင်လယ်ပြင်နဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း၊ မွန်တနင်္သာရီကမ်းရိုးတန်းပင်လယ်ပြင်များမှာ အနောက်တောင်ဘက်မှလေတိုက်နှုန်း ၁ နာရီ ၂၅ မိုင်မှ ၃၅ မိုင်အထိရှိနိုင်ပြီး လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေအထိရှိနိုင်ကြောင်းတွေ့ရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်